<<Park Chan's point of view>>
ကျနော့်ကားလေးကို baekhyuneeတို့ တိုက်ခန်း လမ်းထိပ်မှာပဲ ရပ်ပြီး ကားပေါ်ကဆင်းလမ်းလျှောက်လာခဲ့တယ်..
Ahuk..huk..ဒီကောင်လေး ဘယ်လောက်တောင် ကြေကွဲနေမယ်မသိဘူး..
ကျနော့်မှာ Appaဆန္ဒအရ ဂျပန်က လက်ခွဲ ကုမ္ပဏီမှာ စီးပွားရေးအရှုပ်အရှင်းလေး သွားဖြေရှင်းပေးနေရတာ..၊အဲ့ကိစ္စအဆင်ပြေရင် ကျနော်နဲ့baekhyuneeကို တရားဝင်ပေးစားမယ်တဲ့လေ...။မဖြေရှင်းနိုင်ရင်တော့ ထာဝရဝေးရမယ်တဲ့...
လာထား..မရရအောင်ကို ဖြေရှင်းပေးမှာပေါ့ဗျာ..သူနဲ့ကျနော်ရဲ့ အနာဂတ်ခရီးသာယာဖို့ပဲဟာ..။ဒါမယ့် ကျနော်သူ့ကို supriseလုပ်ချင်တယ်.။ကျနော်မရရအောင် ဖြေရှင်းပြီး သူနဲ့ထာဝရလက်တွဲရမယ့် ကိစ္စကို supriseလုပ်ချင်တာနဲ့ပဲ ကျနော်တို့ လမ်းခွဲရအောင် ဆိုပြီး အရင်ပြောခဲ့တယ်..။အိမ်ကမိန်းမပေးစားတော့မှာမို့ဆိုပြီးတော့လေ...။
Baekhyuneeကမေးရှာပါတယ်..\\အဲ့ကောင်မလေးကို မင်းတကယ်ရော ချစ်ရဲ့လား?//တဲ့...
ကျနော်မချစ်ဘူးလို့ပြန်ဖြေခဲ့တယ်..ကျနော်က သူ့တယောက်တည်းပဲ ချစ်တဲ့ဟာကို ။အခြားတယောက်ကို ချစ်ပါတယ်ဆိုပြီး လိမ်ညာပြီးတောင်မပြောနိုင်ပါဘူး..
နောက်တော့လည်း သူ ငိုရှာပါတယ်..သူ့မျက်ရည်တွေမြင်တော့ ကျနော်ပြာပြာသလဲ ဖြစ်ပြီး အကုန်ရှင်းပြလိုက်ဖို့ ကြိုးစားပေမယ့် သူက...
"မုန်းတယ်"တဲ့လေ..ငိုပြီး ဆိုင်ထဲကပြေးထွက်သွားတဲ့ သူ့နောက်ကို အမှီပြေးလိုက်ပြီး ရှင်းပြလိုက်ချင်ပေမယ့် အပုလေးက ပြေးတာမြန်လိုက်တာ လစ်ကနဲပဲ..
ကျနော်လည်း appaဖုန်းဆက်ခေါ်တာနဲ့ အမြန်ပြန်လာပြီး ဂျပန်ပြေးရတော့တယ်..
ပြီးခဲ့တဲ့ ၃ပတ်ကျော်တုန်းကတော့ baekhyuneeကျနော့်ဆီ ဖုန်းဆက်သေးတယ်တဲ့..ကျနော်ဖုန်းကို ဂျပန်ယူမသွားဘဲ အခန်းထဲမှာပဲ ထားခဲ့တယ်..
YOU ARE READING
♕ Reset ♕
Fanfictionဘာမဟုတ်တာလေးနဲ့တဲ့လား??ကျနော်တို့ ပတ်သက်မှုက သူ့အတွက်တော့ ဘာမဟုတ်တာလေးတဲ့လား?? --"အချစ်မပါတဲ့ အိမ်ထောင်ရေးဟာ သာယာမယ်လို့ မင်းထင်နေတာလား!!!" ---"Baekကိုယ်တို့ လမ်းခွဲကြရအောင်.။ကိုယ့်ကို အိမ်က မိန်းမပေးစားတော့မှာ.." ---Baek...