Arjushii:... ဟိုရှေ့က တက်သွားတဲ့သားလေး ကားခလဲပေးရမယ်လေ
Chanyeol: NAE!!!!!!!! wae yo ကျနော်နဲ့ ဘာဆိုင်လို့လဲဗျ
Arjushii: ကောင်လေးရဲ့ ညီဆို...
Chanyeol: ဗျာ မဟုတ်...
ငြင်းမလို့လုပ်ရင်းကနေ ကားပေါ်ကို လှည့်ကြည့်လိုက်တော့ မျက်နှာငယ်လေးနဲ့ puppy မျက်လုံးလေးသုံးပြီး သူ့ကို လှမ်းကြည့်နေတဲ့ ကလေးကိုတွေ့တော့ chanyeol တစ်ယောက် စိတ်ပျော့သွားရပြန်ကော....Yeol : ရပါတယ် ဒီကပဲယူလိုက်ပါတော့နော် arjushii
အဲ့လိုနဲ့ seoul မြို့ကနေ jejudo အထိ baek တစ်ယောက် ခြေဆန့်လာတာပေါ့ ခရီးတစ်လျောက်လုံးလဲ အငြိမ်မနေ တစ်ချိန်လုံး ပြတင်းပေါက်ဘေးကို ကြည့်လိုက် ပါးစပ်က ပွစ်ပွစိပြောလိုက်နဲ့ ဘေးနားမှာ တခြားနေရာမရလို့ လာထိုင်နေရတဲ့ chanyeol တစ်ယာက် အိပ်ရေးပျက်လို့ အိပ်မယ်ကြံထားတာလေးတောင် ဘယ့ရောက်သွားမှန်းမသိ
သူ့ဘာသာသူ စဉ်းစားလိုက်ပါသေးတဲ့
*ဒီကလေးနဲ့ရတဲ့သူတော့ ဒီကလေးရဲ့ လေဖိအားကြောင့်ပဲ မွမ်းပြီးသေလောက်တယ်လို့*📞📞~~*You can call me monster*~~📞📞
Yeol: nae helmonim ရောက့်တော့မယ် ကားလား မလွှတ်နဲ့တော့ မရောက်တာကြာလို့ ဘေးနားက ရှုခင်းတွေကြည့်ရင်း ဖြေးဖြေးချင်း လမ်းလျောက်လာခဲ့မယ်လေ ဟုတ် အဲ့ဆို ဆိုင်မှာပဲစောင့်နေလိုက်ပေါ့
Nae ဒါပဲနော် helmonim .....Baek လဲ စကားပြောသံကြားတော့မှ ဘေးကိုလှည့်ကြည့်မိတယ် ဟင် ဟိုကားဂိတ်က တစ်ယောက်ပဲ
စောနက ဘေးပြတင်းပေါက်ပဲ ကြည့်နေမိလို့ မမြင်တာ တကယ်တော့ မယ်တော်တို့ ပြောတာက လူသားဆိုတာ ကြောက်ဖို့ကောင်းတယ်တဲ့
Baek ကတော့ အဲ့ဒီ့စကားကို မယုံခဲ့ပါဘူး အဲ့ဒီ့လူတွေ ဆိုတာလဲ baek တို့နဲ့ ဘာကွာလို့လဲ ပခုံးနှစိဘက်ကြား ခေါင်းပေါက်တာပဲကို ဒီအရပ်က ဒီအရပ် အဲလေ သူကတောင် များကြီး ပိုရှည်နေသေးတာကို baek တို့ကမှ အစွမ်းတွေ ရှိတော့ ပိုကြောက်ဖို့ကောင်းတာ မဟုတ်ဘူးလား အဲ့ဒါကြောင့်မို ကောင်းကင်ပေါ်မှာ နေတာပေါ့
ထားပါ baek ကတော့ ဒီကောင်လေး(ကိုယ့်ထက် အများကြီးငယ်မှာသေချာနေတာကိုး)
ကို စစတွေ့ကတည်းက ရုပ်ကြည့်ပြီး ကြောက်ဖို့မကောင်းဘူးလို့ ထင်ခဲ့တာ ဒီလိုရုပ်က ကြောက်ဖို့ နေနေသာသာ ချစ်ဖို့တောင် ကောင်းသေးတယ် ပြီးတော့ ကားပေါ်မှာလဲ အရှက်မခွဲဘဲ baek ဖို့ကားခကို အေးအေးဆေးဆေး ကူညီပေးတာမလား ဒါပေမယ့် ယုံဖို့ဆိုတာတော့ စောလွန်းပါသေးတယ် ဆက်စောင့်ကြည့်ရဦးမယ်