Because I Love You (ep.9)

1.8K 154 8
                                    

ဒန် တန်တန်တန် ဒန်တန်တန်တန် •••••

မီးရောင်ဖျော့ဖျော့လေးအောက်မှာ အဖြူရောင်သတို့သမီးဂါဝန်လေးနဲ့ သူမအရမ်း ကိုလှပနေတယ် အဖေဖြစ်သူ Kwang Soo ရဲ့လက်ကိုကိုင်ကာ Yoongi ဆီသို့ တဖြည်းဖြည်းလျှောက်လှမ်းလာခဲံသည် ကိုယ် ချစ်တဲ့သူနဲ့ တူတူပေါင်းဖက်ပြီးနေရမယ်ဆိုတော့ ပျော်ရွှင်နေမိတာပေါ့ ခုလိုအချိန်မျိုးမှာ စိတ်ညစ်ပြီးလဒမိုင် မိုင်ကာနည်းနည်းလေးမှ
ပြုံးရယ်ခြင်းကိုမရှိဘူး နောက်ဆုံးကျမသူ့ဆီကို တဖြည်းဖြည်းရောက်လာမှန်းမသိရောက်လာခဲ့ တယ် ထုံးစံအတိုင်းအဖေဖြစ်သူက သမီးရဲ့လက်ကို သတို့သားလက်ထဲထည့်ရင်း စိတ်မကောင်းဖြစ်နေတဲ့ appa ကိုကြည့်ကာ ငိုချင်စိတ်များမနည်းထိန်းထားရတယ် Yoongi က ကျမလက်ကိုညင်သာစွာ ယူလိုက်ကာ father ရဲ့အဆုံးမကိုခံယူရတော့သည် အဆုံးမစကားလဲပြီးတော့ တစ်ယောက်ကို တစ်ယောက်လက်ထပ်လက်စွပ်ဝတ်ပေးကာ အကြင်နာပေးဖို့ကို father ပြောတော့ သူကပြူး ကြောင်ကြောင်နဲ့ ကျမကိုကြောင်ကြည့်နေတော့ ကျမ သူ့ရဲ့ခြေထောက်ကို ကန်ကာ သတိပေးလိုက်သည် သူလဲမသက်သာတဲ့အဆုံး မချစ်လဲအောင့်ကာ နမ်းဆိုတဲ့စကားအတိုင်း သူကျမကိုနမ်းလိုက်တော့သည် အချစ်မပါသော အနမ်းဆိုတာသိနေပေမယ့် ကျမကျေနပ်ပါစေ သူမချစ်ရင်နေပါစေ ကျမကသာချစ်နေဖို့ပဲလိုတာပါ ကျမအချစ်က ရယူခြင်းမဟုတ်ပဲ ပေးဆပ်ခြင်းသပ်သပ်သာ

မင်္ဂလာဆောင်ပြီးပြီးခြင်း ဟန်းနီးမွန်းထွက်ရန်ကားက အဆင်သင့်ကျမတို့ကိုလာကြိုနေပြီ နှစ်ဖက်မိဘတွေကို နှုတ်ဆက်ကာ Hawaii သို့သွားဖို့အတွက်လေဆိပ်သို့ထွက်လာခဲ့သည် သူမသွားချင်ဘူးဆိုတာသိပေမယ့် မိဘတွေက ဟန်းနီးမွန်းအတွက် စီစဉ်ပေးထားတာဆိုတော့ ငြင်းလို့လဲမရပေ ကားပေါ်တွင် ဘေးနားက Yoongi က ရှစ်ခေါက်ချိုးမျက်နှာနှင့် ကျမကိုကြည့်ကာမကျေမနပ်တွေဖြစ်နေတော့ သည် ပါးစပ်ကလဲ သာသနာဖျက်မ သူများရည်း စားကြားရှုပ်တဲ့သူလို့ ပြောနေတာတွေ ကြားသော်လဲ မကြားချင်ယောင်ဆောင်ပေးခဲ့သည်
ဒါကလဲ ကျမအမှားတွေပဲလေ ရည်းစားရှိနေတာသိလျက်နဲ့ မိဘစကားနားထောင်ပြီး လက်ခံခဲ့မိတာ ချစ်လွန်းလို့ရှေ့တိုးခဲ့မိတာဆိုတော့ သူပြောသမျှ ခံရတော့မှာပေါ့ ကိုယ်ကအပြစ်လုပ်ထားတာ ဆိုတော့လဲ သူပြောသမျှ သူလုပ်သမျ အရာရာ အကောင်းမြင်ပြီးသည်းခံပေးရမှာပေါ့ ချစ်တာကိုး

Because I Love YouWhere stories live. Discover now