Essential Love
~~~~~~~~~~~အချစ်ဆိုတာ ကျနော့်ဘဝအတွက် မရှိမဖြစ် လိုအပ်တဲ့
အရာတစ်ခုဖြစ်လာခဲ့တာ ဘယ်အချိန်က စခဲ့လဲဆို
ဒီစာကို ရေးပြီး တစ်ပတ်အကြာက ဆိုရမှာပဲမေးထားတာလဲ ကြည့်ဦး ?
သင်အကြောက်ဆုံးအရာနဲ့ ပတ်သက်ပြီး သင့်ရဲ့အမြင်ကို
ဆွေးနွေးတင်ပြပါတဲ့* ဘယ်အချိန် ဘယ်နေရာမှာ ဘယ်သူ့ကို စချစ်မိမယ်
ဆိုပြီး မိုးလေဝသခန့်မှန်းချက်တွေလို အချစ်ကိုလည်း
ကြိုတင်ခန့်မှန်းလို့ရရင် ကောင်းမှာပဲ... ဒါမှ မုန်တိုင်း
သတိပေးချက်တွေမလာခင် လူတွေ ရှောင်လို့ရသလို
ကျနော်လည်း စမချစ်မိခင် ရှောင်လို့ရမှာ ... ဘာလို့
ဒီလိုပြောရလဲဆို မရယ်ကြနဲ့နော် ... ကျနော်က
ချစ်ပြီးလို့ရှိရင် အသည်းကွဲမှာ သိပ်ကြောက်တာPark Chanyeol
အဲလိုရေးပြီး အောက်မှာနာမည်တပ်ရတာပေါ့
လျှောက်လွှာတွေကများတော့ ဒီစာ ဘယ်သူ့
အဖြေလဲ သူတို့မသိနိုင်ဘူးလေ ... ဒီစာက
ကျောင်းက သီးသန့်ဖွဲ့ထားတဲ့ အဖွဲ့တစ်ခုအတွက်
လူရွေးချယ်ဖို့ ဖြေရတာဆိုလား... ဒီလောက်ပဲ
ကျနော်သိထားတာဒီလိုရေးခဲ့မိတဲ့ စာကြောင့်ပဲ ကျောင်းကို စတက်တက်ချင်း
နေ့မှာပဲ ခေါ်ယူစစ်ဆေးခြင်း ခံခဲ့ရတယ်ကျနော်နှင့်သူ့ရဲ့ ဇာတ်လမ်းက အဲဒီကစခဲ့တာပေါ့
အခု ဝင်ခွင့်ဖြေရတဲ့ကျောင်းက တောင်ကိုရီးယားနိုင်ငံရဲ့ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းပါ...ဘယ်သူပိုင်တယ်
ရယ်တော့ မသိဘူး...ဒါကလည်း လေ့လာအား အရမ်းကောင်းတဲ့ ကျနော့်ရဲ့ အားသာချက်ကြောင့်ပါ စိတ်မရှိပါနဲ့ဘာလို့ မလေ့လာလဲတော့ မမေးနဲ့နော်
အဲဒါ ကျနော့်အပြစ်မဟုတ်ဘူးLucky One ဆိုတဲ့ အဲကျောင်းက နာမည်နဲ့
မလိုက်ဖက်စွာ ကျနော့်အတွက် Unluckyပဲ
တစ်စက်ကလေးမှ စိတ်ဝင်စားဖို့ မကောင်းတဲ့ကျောင်းမိန်းကလေးတစ်ယောက်မှ မရှိတဲ့ ယောက်ျားလေး
သီးသန့်ကျောင်း ... တစ်ကျောင်းလုံးလည်း
ကောင်လေးတွေချည်း စုပြုံနေမှာဒီလို ကျောင်းမျိုး ဘယ်သူက ဝင်ခွင့်ဖြေချင်မလဲ
ဒါပေမဲ့ ဒီကျောင်းမှ မတက်ရင်အိမ်ပေါ်ကဆင်းဆိုတဲ့
မိဘတွေရဲ့ တစ်ချက်လွှတ်အမိန့်အရ စိတ်မပါ
လက်မပါ ဝင်ခွင့်တင်လိုက်ရတာအိမ်မှာဆို omma အမြဲပြောနေကြစကား
"ငါ့သားလေးကို ဒီကျောင်းပို့ရတာ မိန်းမလည်
်သိန်းကြွယ် မတော်တရော်တွေနဲ့တွေ့ပြီး ပညာမစုံပဲ
ရည်းစားတွေရကုန်မှာစိုးလို့ ဒီလို မိန်းကလေးမရှိတဲ့
ကျောင်းထားရတာ "တစ်ခါလာလည်း ဒါပဲ အပ်ကြောင်းထပ်နေပြီ
ကြာလာတော့လည်း လူက နားရည်တောင်ဝနေပြီဒီလိုရည်းစားမရအောင်လို့ ပို့မယ်ဆိုတဲ့ ကျောင်းကြီးမှာ
ကျနော့်ရဲ့ ဆယ်ကျော်သက်ဘဝကို မြုပ်နှံရတော့မဲ့
အတွေးက ညတိုင်းနှိပ်စက်နေကြ... ဒါပေမဲ့
ဘယ်တတ်နိုင်ပါ့မလဲ ... ကျနော့်ဘဝ ကျနော့်ကံပဲပေါ့
နောက်ဆုံး ရှောင်ပြေးလို့မရတဲ့ တစ်နေ့မှာတော့
Lucky One နယ်နမိတ်ထဲ ဧကန်မုချ ခြေချရမှာပဲဒီလိုနဲ့ စိတ်ပျက်စရာကောင်းလှတဲ့ ညတွေကို
ကျော်ဖြတ်ပြီးတဲ့ တနေ့မှာတော့ ထိုကျောင်းကို
ရောက်ရှိလာခဲ့သည် ... ဒီတော့ ကျနော့် အကြောင်းလည်း
စပြီပေါ့~~~~~~~~~~~~~~~~~~~~~
ဟို ပထမတင်တာ Wall ထဲမှားဖျက်မိလို့ အခု
တင်တာလေးပဲ ပြန်အားပေးကြပါနော်
Thank you so much