ကျောင်းထဲကို မဝင်သေးခင် အပြင်ဘက်ကနေ
အတွင်းပိုင်းကို တစ်ချက်ရှိုး ... အဆင်ပြေပြီဆိုမှ
ကားကို လီဗာနင်းပြီး ဘိမ်းလေးလှိမ့်ရုံဝင်လာတုန်း
ရုတ်တရက် အဝင်စစ်ဆေးရေးဂိတ်က အလံနီပြပြီး
တားနေတော့ ကားရပ်ပေးလိုက်သည်" နာမည် "
" Park Chanyeol "
သူကလည်းတစ်ခွန်းမေး ကိုယ်ကလည်း တခွန်းဖြေ
ဟုတ်နေတာပဲ ... နာမည်ဖြေလိုက် ဒီဇာတ်လမ်း
ဒီမှာပြီးပြီ ထင်နေတာမပြီး ... အလံနီကိုင်ထားတဲ့
ဘေးက တစ်ယောက်က ဝရုန်းသုန်းကား
လဲမကျရုံ ပြေးလာပြီး အနားရောက်လာသည်" ဟေ့ကောင် အဲဒါ စီနီယာရှာနေတဲ့ တစ်ယောက်လေ
Park Chanyeol ကျောင်းလာတဲ့နေ့
သူ့ဆီ ခေါ်လာဖို့ မှာထားတယ် "Oh My God ! ကျောင်းထဲ အခုမှ ရောက်တယ်
တွေ့ချင်နေသူက အဆင်သင့်စောင့်နေပြီးသား
သိတော့သိချင်မိသားရယ်... ကျနော့်ကို တွေ့ချင်လို့
စောင့်နေသည့်သူဆိုတော့ ဘယ်လိုပုံစံ ဘယ်လို
လူမျိုးဖြစ်မလဲ" ဟေ့ ငါပြတဲ့လမ်းအတိုင်းမောင်း "
ဒီကျောင်းက ကျောင်းသားတွေက ယဉ်ကျေးမှု
မရှိတာတော့ ကမ်းကုန်သည် ... ခုလည်း ဂိတ်က
တစ်ယောက် ခွင့်မတောင်း ဘာမတောင်း ကျနော့်
ကားပေါ်တက်ထိုင်ပြီးလူဆိုးလိုလို ဓားပြလိုလို
အတင်းအကျပ်တစ်နေရာကို မောင်းခိုင်းသည်" ရောက်ပြီ "
သူက ရှေ့က ဆင်းသွားပြီး ကျနော့်ကို သူ့နောက်က
လိုက်ခဲ့ဆိုတဲ့ ပုံစံနဲ့ ခေါ်သွားတယ်အခန်းတစ်ခန်းရှေ့အရောက် အထဲဝင်ဆိုပြီး
ခေါင်းနဲ့ အချက်ပြလိုက်တော့ ဘုမသိ ဘမသိ
အခန်းထဲ ယောင်တောင်ကြောင်တောင်တော့
ရောက်လာပြီဒါက ရိုးရိုးခန်းနဲ့တော့မတူ ရုံးခန်း သဘောမျိုး
စားပွဲတစ်လုံးထားရှိပြီး စားပွဲပေါ်မှာ စာရေးကိရိယာ
အစုံအလင်နဲ့ Laptop တစ်လုံးတင်ထားသည်
စုံလည်ကုလားထိုင်မှာတော့ ကျနော်နဲ့ မတိမ်းမယိမ်း
အရွယ်ကောင်လေး တစ်ယောက်က ဟိုက်ဟန်အပြည့်
ထိုင်နေပြီး မတ်တပ်ရပ်နေတဲ့ ကျနော့်ကို ခေါင်းအစ
ခြေအဆုံး မျက်တောင်မခတ်ကြည့်လိုက်ကာ