Un

2.8K 278 13
                                    


"မင်း သူ့ကို ဘာလို့မုန်းတာလဲ Chanyeol"

"မသိဘူး"

ဘာမှတွေးမ​နေဘဲ တုံးတိကြီး​ဖြေချလိုက်​​သော Chanyeol ​ကြောင့်​ Jongdae မျက်​နှာက မည်း​မှောင်​သွားပြီး နှုတ်​ကလည်း စိတ်​ပျက်​သလို ကျွတ်​ခနဲအသံပြုသည်​။

"စဉ်းစားကြည့်​ .. ဘာ​ကြောင့်​မှန်းမသိဘဲ ကိုယ်​နဲ့မသိတဲ့ လူတစ်​​ယောက်​ကို ဒီ​လောက်​ခါးခါးသီးသီးမုန်းဖို့ဆိုတာ မဖြစ်​နိုင်​ဘူး​လေကွာ .. မင်းဟာက နည်းနည်း​တော့ လွဲ​နေပြီမထင်​ဘူးလား .. သူက မင်းကို စိတ်​အ​နှောင့်​အယှက်​ လိုက်​​ပေး​နေလို့ဆိုလည်း ထားပါ​တော့"

Jongdae စကား​ကြောင့်​ Chanyeol မျက်​နှာ​လေးက အလိုမကျဟန်​ဖြစ်​သွားပြီး ခပ်​ထူထူတန်းတန်းမျက်​ခုံးတို့ကို ဆတ်​ခနဲချိုးချသည်​။

လူတစ်​​ယောက်​ကို အ​ကြောင်းရင်းရှိမှ မုန်းရမှာတဲ့လား .. ကိုယ့်​စိတ်​နဲ့ကိုယ့်​ကိုယ်​ .. ချစ်​တာ မုန်းတာ ကိုယ်​ပိုင်​လွတ်​လပ်​ခွင့်​တစ်​ခုဟု Chanyeol သတ်​မှတ်​သည်​။ ထိုတစ်​​ယောက်​ကို သူ မုန်းတာကလည်း သူ့ရဲ့ လွတ်​လပ်​ခွင့်​ပဲဖြစ်​တာမို့ Jongdae ခုလို ပုလိပ်​စစ်​လာစစ်​​နေခြင်းအ​ပေါ် Chanyeol စိတ်​အ​တော်​ပျက်​မိသည်​။

အမှန်​​တော့ Chanyeol ကလည်း Chanyeol ပါ ... နာမည်​​တောင်​မသိသည့်​ ထိုလူစိမ်းကို ပထမဆုံး​တွေ့သည့်​အချိန်​တည်းက စ၍ ကြည့်​မရဖြစ်​ခဲ့ခြင်းဖြစ်​သည်​။ ပူပင်​​သောက​တွေ ​ပွေ့ပိုက်​ထားရ​သော အပူသည်​မျက်​နှာနှင့်​ ထို​ကောင်​​လေးကို မြင်​လိုက်​တိုင်း ဘာကို​မျှော်​လင့်​​နေမှန်းမသိသည့်​ ခပ်​ညိုညိုမျက်​ဝန်းတို့​ကြောင့်​ .. ပွင့်​ပွင့်​လင်းလင်း ​ပြောရလျှင်​ အ​ဆွေးဓာတ်​ခံအပြည့်​နှင့်​ ထိုမျက်​ဝန်းတို့က ပတ်​ဝန်းကျင်​တစ်​ခုလုံးကိုပါ အကျည်းတန်​သွား​စေသလို ဖြစ်​​နေတာ​ကြောင့်​ Chanyeol က​တော့ ထိုမှုန်​မှိုင်းမှိုင်းလူသား​လေးကို ​​တွေ့ရာ​နေရာက ​ဝေး​ဝေး​ရှောင်​မိသည်​။ ​တွေ့လိုက်​မြင်​လိုက်​ရတိုင်းမှာလည်း ကြည်​ပြာ​ရောင်​ထီးက​လေး​ဆောင်းထားပြီး တကယ့်​ကို စိတ်​ဓာတ်​ကျဖွယ်​အ​နေအထားမျိုးနှင့်​။ အမှန်​​တော့ .. တကယ်​တမ်း Chanyeol သူ့ကို မုန်းမိ​တာက အဲ့ဒီ​ဆွေးမြည့်​​မှုန်​မှိုင်းနေ​တဲ့ မျက်​ဝန်း​တွေနဲ့ မျက်​​တောင်​မခတ်​တမ်း လိုက်​ကြည့်​​နေတတ်​တာကိုပါ .. အဲ့လိုအခါမျိုးဆို Chanyeol မ​နေ​တတ်​​တော့ .. ​နေရင်းထိုင်​ရင်း ​နောက်​​ကျောမလုံသလိုပင်​ ဖြစ်​လာတတ်​သည်​​လေ။

Forget Me Not ... Love Me MoreWhere stories live. Discover now