♡1♡

1.4K 115 1
                                    

"Yarrr ဒီလောက် သက်သေရှိနေတာကို ဘာလို့ အတင်းငြင်းနေရတာလဲ"

"မဟုတ်ပါဘူး ကျွန်တော်မဟုတ်ဘူး"

"Yarrr!!!!ငါဒီထက်ပိုပြီးစိတ်မရှည်နိုင်တော့ဘူး!!"

တောက် နားညည်းလိုက်တာကွာ အမှုစစ်တာလည်း အော်ဟစ်နေတာဘဲ

ကျွန်တော့် အရှေ့မှာရှိတဲ့ စုံထောက်တစ်ယောက်ဆီသာ ဦးတည်သွားလိုက်တော့တယ်

အလုပ်ကြောင့်မို့သာ နို့မို့ဆို ဒီနေရာမလာဘူး

"မင်္ဂလာပါ ကျွန်တော်က သတင်းထောက် Ooh Sehunပါ"

"Ah nae"

"အကူအညီ တစ်ခုလောက်တောင်းချင်လို့ပါ ဟိုရက်က ဆုံးသွားတဲ့ JH company ဥက္ကဌနဲ့ပတ်သက်ပြီး သတင်းတစ်ပုဒ်ရထားပါတယ် အခုအတည်ပြုချင်လို့ အဲ့ဒီအမှုနဲ့ပတ်သက်ပြီး ပြောပြလို့ရမလား"

"အဲ့ဒါလား အဲ့အမှုကိုကိုင်တာ Kim Jongin ပါ"

ရှေ့က စုံထောက် ညွှန်ပြလိုက်တဲ့ Kim Jongin ဆိုသည်မှာ ခုနက အော်ငေါက်ကာအမှုစစ်နေသောသူပင်...

"Nae ကျေးဇူးတင်ပါတယ်"

ကျွန်တော် ထိုKim Jongin ဆိုသော သူဆီ ဦးတည်လျှောက်သွားကာ အရှေ့မှာသွားရပ်လိုက်တယ်

သေချာကြည့်မိတော့ သူက handsomeပဲ အလယ်မကျတကျခွဲထားတဲ့ အညိုရောင်ဆံနွယ်ပျော့ပျော့တွေက သူနဲ့ တော်တော် လိုက်ဖက်ပါတယ် အသားအရည်ကတော့ ကြေးနီရောင်sexy skinလို့ပြောလို့ရတယ်....

သူကတော့ သူစစ်နေတဲ့ တရားခံကို ပြောတုန်းဆိုတုန်း

"မင်းအိမ်က အာမခံချက်ပေးမှ ပြန်ရမယ် ကြားလား!!!"

^ဟာကွာ နားထဲကို အူထွက်သွားတာပဲ^

သူ့စားပွဲရှေ့မှာလာရပ်နေတဲ့ ကျွန်တော့်ကိုမြင်တော့

"ဘာကိစ္စရှိလို့လဲ"

"တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်က သတင်းထောက် Ooh Sehunပါ"

ကျွန်တော် အကြည်လင်ဆုံးအပြုံးတစ်ခုနှင့်အတူ လက်ကိုပါ နှုတ်ဆက်ဖို့ ကမ်းပေးလိုက်တယ် ဒါပေမဲ့ သူက ကျွန်တော့်ကို တစ်ချက်ကြည့်ပြီး

မတူညီသောနှလုံးသားများHikayelerin yaşadığı yer. Şimdi keşfedin