For My Love* ChanYeol *
" နောက်ထပ် မင်းမျက်နှာကို မမြင်ချင်တော့ဘူး ChanYeol "
နှုတ်ခမ်းဖျားက ထွက်ကျလာတဲ့ ဒေါသပါသော လေသံဖြင့် ကျွန်တော့်ချစ်ရသူကို မျက်နှာမပျက်ယွင်းပဲ ပြောနေရပေမဲ့လို့
ကျွန်တော့် ဘဝကို အသက်ဆက်ပေးနေတဲ့နှလုံးသားတစ်စုံကတော့ အလွန်အမင်းကို နာကျင်လွန်းလှနေပြီ။
" Hyung ~~~~~~~~~~~~~~~~~~ "
သူအော်ခေါ်နေပေမဲ့ အဲ့ဒီ အသံလေးကို မျက်ကွယ်ပြုလိုက်ရင်း ကျွန်တော်ရွေးချယ်ထားသော သူကောင်းစားမည့် နေရာမှန်သို့ ~~~~~~
For My Love* ChanYeol *
အချိန်ကာလ ၁၀စုနှစ်တခုဖြတ်ကျော်ပြီးသည့်နောက်တွင်တော့ ~~~
ကျွန်တော်ဆိုတဲ့ Wu Yi Fan
တချိန်က အောင်မြင်ကျော်ကြားမူဆိုတဲ့
အရာတွေကိုပိုင်ဆိုင်ခဲ့သည့် သီချင်းရေးဆရာတယောက်ယခုတော့ သာမာန် ကျေးလက်ဒေသတခုမှာ
ကျွန်တော် သင်ယူလေ့လာခဲ့ဖူးသော
ဆရာဝန် တယောက်အဖြစ်နှင့်သာ
ဘဝကို မြုပ်နှံထားလိုက်တော့သည်။အကြောင်းရင်းတခု ကတော့ တခုမှ တခုထဲပါ။
ကျွန်တော့်ချစ်သူ ၏ ဘဝ တိုးတက်ကောင်းစား စေမည့် အလင်းရောင်လမ်းတခု***************
သူအနားမှာ အရင်ကလို မရှင်သန်ရတော့ပေမဲ့လို့
ကျွန်တော် ပျော်အောင်သာ ကြိုးစားပြီးနေထိုင်ခဲ့သည်။ဟုတ်တယ်လေ
အခုဆို ကျွန်တော့်ရဲ့ခလေးလေးက
ကမ္ဘာတဝှမ်းလုံးမှာပါ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားနေတဲ့ Idol Actor တယောက် အဖြစ် ကြယ်ပွင့်တွေအများကြီးထဲကမှ အရမ်းလင်းလက်တောက်ပနေသည့် ဓူဝံကြယ် လေးအဖြစ်နှင့်တောင် နှိုင်းယှဉ်လို့ရနေပြီ။အသက် ၃၀အရွယ်ဆိုတဲ့အတိုင်းအတာ အထိတောင် ရောက်ရှိနေပေမဲ့လို့ ကျွန်တော့်ခလေးလေးကတော့ နုပျိုနေဆဲပဲ။
လွန်ခဲ့သော ၁၀နှစ်ကလိုမျိုး ခလေးဆန်ပြီး
ချစ်ဖို့ကောင်းတဲ့ အကျင့်လေးတွေ ပျောက်နေတာတခုကလွဲလို့ပေါ့လေ။
YOU ARE READING
ကျွန်မအသက်လောက်ချစ်ရပါသော KrisYeol{ One Shot Collection }
Short StoryKrisYeol One Shot Collections and Short Story