Back-Room Boys

568 63 8
                                    


စင်မြင့်ထက်၌ တောက်ပသော
အဝတ်အစားများဖြင့် ချောမောခန့်ညားနေသည့်
အဆိုရှင်တစ်ဦး~~~

Idol ဟု အများကခေါ်ဝေါ်သတ်မှတ်ထားကြသည့်

ထိုအဆိုရှင်သည် အလွန်တရာနားထောင်လို့ကောင်းသည့်
သီချင်းတပုဒ်ကို

စန္ဒယားတီးကာ သီဆိုရင်း
တယော ပညာရှင်တယောက်နှင့်
အပြိုင် သူ၏ သီချင်းအားပိုမို၍ အသက်ဝင်စေတော့သည်။

ရှည်လျသော လက်ချောင်းများက
စန္ဒယားပေါ်ရှိ အဖြူ အမည်းခလုတ်များပေါ်
စည်းချက်ညီစွာ လှုပ်ရှားနေကာ

သဘာဝအတိုင်း ပန်းသွေးရောင်ထနေသော

သူ့နှုတ်ခမ်းဖျားမှ ထွက်ကျလာသော
သီချင်းစာသားများ~~~~~~

* ချစ်တယ် ဆိုတဲ့စကားလေး
တခွန်းနဲ့ပဲ ကိုယ့်နှလုံးသားကို
ထိန်းချုပ်လို့ သွားနိုင်ခဲ့တာ *

* အရိပ်တစ်ခုလိုမျိုး  မင်းလေးဘေးနားမှာ
ကိုယ်မရပ်တည်ပေးနိုင်ပေမဲ့လို့ *

* ကိုယ်ရဲ့အဝေးရောက်အချစ်တွေက
မင်းလေးတယောက်ထဲ အတွက်သာပါ *

* မင်းလေးတယောက်ထဲ *

* ပြုံးပျော်နေတဲ့ မင်းလေးကို မြင်ရတိုင်း
ကိုယ်လည်း ထပ်တူပျော်ရွှင်ခဲ့ရတာ *

* ကိုယ်ဆိုတာက မင်းလေးအပြုံးကြောင့်
အသက်ဝင်နေတဲ့ ကျောက်ရုပ်လူသား
လိုမျိုးပေါ့ *

* ရင်ခုန်သံတွေတိုင်း You *

* အိမ်မက်တွေတိုင်း You *

* ဘဝဆက်တိုင်း You *

* Forever LOVE You *

* You ~ You ~ You ~ You ~ You ~ *

မထင်မှတ်ထားလောက်သော အသံရှည်ဆွဲများကြောင့်

Rap အဆိုတော်အဖြစ် လူသိများခဲ့သော
သူ့ကို စင်အောက်ရှိ ပရိတ်သတ်များစွာ၏
အော်ဟစ်အားပေးမှုများက ဆူညံသွာလေတော့သည်။

" wooo wuri Oppa ကလေ မထင်ရဘူးနော်
သီချင်းအေးအေးလေးကိုလည်း ပိုင်နိုင်စွာဆိုနိုင်တယ်နော် "

" Innn majayaw.
Yeol Oppa is the best "

သီချင်းသံပြီးဆုံးသွားသည့်တိုင်အောင်
သူကြားအောင် အော်ပြောနေကြတဲ့
သူ့ကို ချစ်မြတ်နိုးကြသည့်
Fangirls များကို အမြဲတမ်းပေးနေကြဖြစ်သော
အိမ်ပြန်လက်ဆောင်တစ်ခုအဖြစ်
သူသည် ပါးချိုင့်တပွင့်ပေါ်အောင် အစွမ်းကုန်ပြုံးပြနှုတ်ဆက်ရင်း 90°ချိုးကာ
ဦးညွှန့်နှုတ်ဆက်ရင်း စင်အနောက်ဖက်သို့အပြေးလေးဝင်လာခဲ့
တော့သည်။

ကျွန်မအသက်လောက်ချစ်ရပါသော KrisYeol{ One Shot Collection }Nơi câu chuyện tồn tại. Hãy khám phá bây giờ