'လူကြီးကို ချစ်​တယ်​'

8.9K 632 119
                                    


နေ​ရောင်​ခြည်​ ထိုး​ဖောက်​လို့ မရ​​အောင်​ လိုက်​ကာ
များ အလုံပိတ်​ထား​သော်​လည်း
မနက်​​ရောက်​​နေပြီမှန်း ကျ​နော်​ သိသည်​.

ငါးနာရီဆို နိုး​နေကျ ကျ​နော်​ က ဆက်​အိပ်​၍မရ​တော့.
သို့​သော်​ ထလို့လည်းမရ.

အဘယ်​​ကြောင့်​ ဆို​သော်​,
နည်းနည်း​လေးမျှ လူးလွန့်​၍ မရ​အောင်​ တင်းကြပ်​စွာ
ဖက်​ထားသည့်​ ရင်​ခွင်​ကျယ်​ပိုင်​ရှင်​​ကြောင့်​ပင်​.

ကျ​နော်​ ထင်​ တာ ခုနစ်​နာရီ​လောက်​​တော့ ရှိပြီထင်​ပါရဲ့.

ရှစ်​နာရီ အလုပ်​သွား​နေကျ သူကြီးက ဒီ​နေ့​တော့
သွားဖို့ စိတ်​ကူးမရှိဘူးလားမသိ.

အင်း...
သူမသွားတာက အ​ရေးမကြီးဘူး..

ကျ​နော်​ က အိပ်​ရာ ထဲက​နေ ထချင်​​နေပြီ.
ကြိုးစားအိပ်​လို့လည်းမရ​တော့ဘူး..
အမြန်​ ​ရေမိုးချိုး ပြီး ​အောက်​ဆင်းချင်​​နေပြီ.
လုပ်​စရာ​တော့ ဘာမှမရှိ​ပေမဲ့​ပေါ့ ...

ကျ​နော်​​ကိုယ်​ကို အနည်းငယ်​ရုန်းကာ ထ ဖို့လုပ်​​တော့...

!!!

ကျ​နော့်​ကိုယ်​ကို ပိုတိုးပြီး​တောင်​ဖက်​လိုက်​​သေး..

အဆစ်​ပါ ကျ​နော့်​ ဂုတ်​ပိုးသားဆီ မျက်​နှာတိုးအပ်​လိုက်​သည်​.

လေ​ငွေ့ ​နွေး​နွေး ​လေး​တွေက လည်​ပင်းသားဆီ တိုက်​ရိုက်​ထိ​တွေ့​နေ​တော့..

ကျ​နော်​ ကြက်​သီး​တွေ​တောင်​ တဖျန်းဖျန်း !

ဒီလူကြီး နိုး​နေရဲ့သား နဲ့!

" ဟို....ကျ​နော်​ ထ ​တော့မယ်​ "

အိုး!!

ကျ​နော်​ အရဲစွန့်​ပြီး​ပြောလိုက်​ခါမှ...

ကျ​နော့်​ကိုယ်​ကို သူ့ဘက်​ မျက်​နှာချင်းဆိုင်​ ဆွဲလှည့်
ဖက်​လိုက်​တယ်​..

" ကိုယ်​ မနက်​ သုံးနာရီမှ အလုပ်​ပြီးတာ ခန​လေး ဆက်​အိပ်​လို့မရဘူးလား "

အော်​...
သူမနက်​ သုံးနာရီမှ ကုတင်​​ပေါ် တက်​လာတာကိုး ..

' KS ' Oneshot BookWhere stories live. Discover now