WHO?

6.3K 407 160
                                    


••မဒိတ်​တာ အ​တော်​​လေးကြာသွားတဲ့တွက်​ (လက်​​ဆောင်​)စာလုံး​ပေါင်း တ​သောင်း​ကျော်​!​ရေးထားပါတယ်​.
ဖြေး​ဖြေး ချင်းနဲ့ ​အေး​ဆေးဖတ်​ပါ.​ခေါင်းစဉ်​ 'WHO?'
က ဘယ်​သူ့ကို ရည်​ညွှန်း တယ်​ဆိုတာ သိ​ချင်​ရင်​^^

................................WHO?....................................

ကံဆိုးသည်​ဟု မှတ်​ရမည်​လား.....

ကံ​ကောင်းသည်​ဟု မှတ်​ရမည်​လား.....

ကျ​နော်​ တကယ်​ မသိပါ.

နှစ်​​ယောက်​စလုံးက ကျ​နော့်​ကို ချစ်​တယ်​...

ကျ​နော်​ကလည်း နှစ်​​ယောက်​စလုံးကို ချစ်​မိတယ်​....

ကျ​နော်​ ဘယ်​သူ့ကို ​ရွေးသင့်​လဲ ?

................................WHO?.....................................

Kim Jong In.

နောက်​​ကျောက​နေ ​တွေ့လိုက်​ရတဲ့ ပုံရိပ်​တခုက ..

ကျ​နော့်​​ခြေ​ထောက်​​တွေကို ထိုပုံရိပ်​ ပိုင်​ရှင်​အနားကို
အ​ပြေး ​ရောက်​သွား​စေသည်​.

စိတ်​အားထက်​သန်​စွာနှင့်​ ထိုသူ၏ လက်​​မောင်းတဖက်​မှ
ဆွဲလှည့်​ ယူလိုက်​​သော အခါ....

" KAI! "...

" KAI?...KAI?..ဟုတ်​တယ်​မလား? "

မျက်​​မှောင်​ကြုံကာ ကြည့်​လာတဲ့ သူ့ရဲ့ အကြည့်​က တကယ်​ သူစိမ်းဆန်​​နေတယ်​.

ဘာလို့လဲ ?

ဝတ်​စားထား​တွေက suit ​တွေနဲ့ သားနားစွာ Gentleman styleဖြစ်​​နေ​ပေမဲ့ ကျ​နော်​ က မှတ်​မိတာ​ပေါ့ ..

မေ့နိုင်​စရာလား...

လေးလ​လောက်​ ချစ်​သူဖြစ်​ခဲ့တဲ့သူကို ကျ​နော်​ က
ဘယ်​လိုလို​မေ့မှာလဲ....

သူရဲ့...မျက်​နှာအစိတ်​အပိုင်းတခုချင်းကို မှန်​လို ကြည့်​ခဲ့သည့်​ ကျ​နော်​က ...

ဝတ်​စားပုံဆံပင်​​ကေများ ​ပြောင်းလိုက်​ရုံနှင့်​ မမှတ်​မိနိုင်​စရာလား...

" ဒီမှာ....ခင်​ဗျား လူမှား ​နေပြီဗျာ...​ဖယ်​ဗျာ...
တောင်းပန်​ပါတယ်​..C.E.O nim.... "

' KS ' Oneshot BookOù les histoires vivent. Découvrez maintenant