•°•°•°•°•°Don't forgive më •°•°•°•°•°•°
Intro...
Teaser for Luhan....နေမင်း ကြီးရဲ့ ကောင်းချီးပေးမှုကို အပြည့်အဝ
ခံယူလျက်ရှိသော....တောင်ကုန်းလေးတစ်ခု..အေးချမ်းမှုတွေပေးနိုင်တဲ့ အရိပ်ရ အပင်ကြီးတွေလည်း
ရှိနေသလို...လူ့လောက ထဲကို စတင်ရောက်ရှိလာတဲ့
ထွက်ပြူစ အပင်ပုလေးတွေလည်း ရှိနေပြန်တယ်။နားဝင် ချိုဖွယ် တေးသံသာလေးတွေကိုလည်း
ငှက်လေးများက သီဆိုပေးနေပြန်တယ်။လေမင်းသားလေးကလည်း အဆိုကောင်းတဲ့ ငှက်မလေး
တွေကြောင့် ထင်ပါရဲ့...
တဝူးဝူး နဲ့ အရှိန်မပြတ် တိုက်ခတ် ကခုန်နေလေရဲ့...အဲ့လို သာယာလွန်းလှတဲ့ တောင်ကုန်းလေးရဲ့
မြစိမ်းရောင် လွင်ပြင်ပေါ်မှာတော့.....ငြိမ်သက်စွာလဲလျောင်းနေသော....
မြက်အုတ်ဂူလေးတစ်ခု...ရယ်...ထို အုတ်ဂူရှေ့ဝယ် မြစိမ်းရောင် မြက်နှလေးများနှင့်
အင်မတန်မှ ပနံသင့်လှသော...အဖြူရောင်...
နှင်းဆီ ပန်းလေးများကို ကိုင်ဆောင်ထားသည့်...
...
ကောင်လေး တစ်ယောက်....#အဲ့ကောင်လေး ပြုံးနေတယ် ထင်ပါတယ်...^_^
သူ့ရှေ့က မြက်အုတ်ဂူလေးကလည်း လိုက်ပြုံးနေသလို
ပင်...."မဖိတ်ခေါ်ပဲနဲ့ မင်း ငါ့ဘဝဆီရောက်လာခဲ့တယ်
မနှင်ပဲနဲ့လည်း မင်းငါ့ဆီကထွက်ခွာသွားခဲ့တယ်...
ခု လည်း ဒီလို အေးချမ်းလှတဲ့ နေရာလေးမှာ မင်းက
ငါ့ကို မခေါ်ဘဲ တစ်ယောက်တည်း ဇိမ်လာယူနေတယ်
Hk မင်းမလွန်ဘူးလား.....ပြောစမ်း ကောင်စုတ်လေး ......"
#အော် ဒီကောင်လေး ပြောပုံ တွေကြည့်ပြီး
ထင်မြင်ကြလိမ့်မယ် ဘေးလူတွေကတော့...
သနားဖို့ကောင်းလိုက်တာလို့....အင်းလေ အုတ်ဂူတစ်ခုရှေ့လာထိုင်နေပြီး
လွမ်းစရာ စကားတွေ တစ်ယောက်တည်းပြောနေမှတော့
သူချစ်ရသူ ဆုံးရှုံးသွားလို့ ဝမ်းနည်းနေတာလို့...
အားလုံးကထင်ကြမှာပေါ့...တကယ်တော့ သူပျော်ရွင်ပေးနေတာပါ.....ထိုအုတ်ဂူ
လေးထဲရောက်ရှိနေသူ ကိုယ်စား...#
YOU ARE READING
Don't forgive më
FanfictionHH{Yaoi} ဘယ်သူက ဘယ်သူ့ကို ခွင့်လွှတ်ရမှာလဲ ဆိုတာ အမှားလုပ်ခဲ့ကြတဲ့ ငါတို့နှစ်ယောက်လုံး အဆုံးထိ သိမသွားခဲ့ရဘူး....