At Namsam Tower;;;
အထက်စီးကနေ မြင်တွေ့နေရတဲ့ Seoul မြို့ရဲ့ အလှအပက Yi Fanရဲ့ရင်ကို အေးချမ်းသွားအောင်ပြုလုပ်ပေးနိုင်စွမ်းရှိ
သည်။Koreaကို ပြန်ရောက်ရောက်ချင်း အိမ်ကိုတောင် မပြန်သေးပဲ
ဒီ နမ်ဆန်တာဝါကို လာရတဲ့ အကြောင်းအရင်းသည်တချိန်က Wu Yi Fanရဲ့အတိတ်တခုကို သွားပြန်ယူခြင်းတခုသာလျှင် ~~~~~
Flash Back;
" Oppa မောနေပြီလား?
အခုမှ တောင်အလယ်ပဲရှိသေးတာနော်ဟွန်း …… ယောကျာ်းလေးဖြစ်ပြီး အမောလဲမခံနိုင်ဘူး "
" ဟူး ……………………………
မောတာကွာYeollie' ရယ် ဘာစိတ်ကူးပေါက်ပြီးဒီနမ်ဆန်တာဝါကိုလာချင်နေရတာလဲ?
နောက်ပြီးတော့ Cable Car စီးပြီးတက်လို့ရနေတဲ့ဟာကို
အလကား သက်သက် လူကို အပင်ပန်းပေးခံနေတယ်။ "
" ဟင် မမောပါဘူး Yeollie ကအမောခံနိုင်တယ်
Oppa'သာ ယောကျာ်းလေးဖြစ်ပြီး အားမရှိတာနဲ့ အမောမခံဖြစ်နေရတာနဲ့ ဂယ်ပဲ "
" ဟင်း……ဟင်းးးးးးးးးးးးးးးးး
ဒီစွာတေးလန်နေတဲ့ ခလေးမလေးကို အပြစ်ပေးရမယ်။နောက်ပြီး အားရှိလား မရှိလား
အမောခံနိုင်လား မခံနိုင်လား ဆိုတာကိုလဲ
လာခဲ့ လက်တွေ့ပြမယ် "" ahhh Oppa နော် "
ထို့နောက်တော့ ပိတ်ရက်မဟုတ်သည့် နေ့မို့ လူပြတ်နေသည့် နမ်ဆန်တာဝါ၏ လမ်းခရီးတဝက်မှာတင်ပဲ
အထက်တန်း ကျောင်းဝတ်စုံဆင်တူ ဝတ်ဆင်ထားသည့် စုံတွဲ တတွဲ၏ လှပသော ရှုခင်းနောက်ခံနှင့် ပနံသင့်နေသည့် အနမ်းဇာတ်ဝင်ခန်းတခန်းကိုအကောင်းဆုံးနဲ့အလှပဆုံးပုံဖော်နေကြလေသည်။
<Flash Back End>
အတိတ်တခုစီသို့ ပြန်ရောက်သွားသော လွမ်းဆွတ်တမ်းတဖွယ်ရာ အတွေးစတခုကို ခေတ္တခဏ ပြန်သိမ်းဆည်းလိုက်ရင်း~~~
ခမ်းလှမ်းလှမ်းတနေရာမှာ ရပ်စောင့်နေတဲ့ Yi Fan ၏ အတွင်းရေးမှုး တစ်ဖြစ်လဲ
သူငယ်ချင်း Kim Suho ကို လှမ်းခေါ်လိုက်လေသည်။