*အဖြူရောင်_ ဖြူစင်ခြင်း/ကြည်လင်ခြင်း*
အဖြူ...ဟုတ်လား..?
သိပ်ဖြူစင်ခဲ့သည်လေ....အရောင်တွေမစွန်းသေးတဲ့
ငယ်ရွယ်စဉ်ကလေးဘဝမှစပြီး...ငါ့ပစ္စုပွန်ထဲကို
မင်းချည်းနင်းဝင်ရောက်လာခဲ့တာ....အဖြူဆိုတဲ့
ဖြူစင်ခြင်းနဲ့အတူ....*မှတ်မိသေးတယ်....နွေရာသီကုန်ဆုံးလို့...
ကျောင်းဆိုတဲ့...ပညာရည်နို့သောက်စို့ရာနေရာကြီးမှာ
စာသင်ကြားရတော့မယ်ဆိုတဲ့အသိက...ငါ့လိုကလေး
တစ်ယောက်ကို....စိတ်လှုပ်တရှားဖြစ်စေခဲ့တယ်..
မားမားရဲ့...သူငယ်ချင်းတွေကလည်း..အများကြီး..
ဆရာမချောချောလေးတွေကလည်း..
သဘောကောင်းတယ်..မုန့်တွေကလည်း...
အများကြီးစားရမှာဆိုတဲ့..မက်လုံးတွေကြောင့်...
ကျောင်းဖွင့်ဖို့တရက်အလိုလောက်တည်းက...
ကျောင်းသွားဖို့မားမားကိုပူဆာခဲ့တာ...ဒါပေမယ့်...ကျောင်းဆိုတဲ့အဆောက်အအုံကြီးကို...
ပက်ပင်းတွေ့မှ...မတရားကျောင်းလာချင်တဲ့
ငါ့ဆုံးဖြတ်ချက်တွေမှားသွားမှန်းသိခဲ့ရတယ်...တင်းတင်းဆုပ်ထားတဲ့..မားမားလက်ကိုလွှတ်ရမယ်ဆိုတဲ့
အသိရယ်...မရင်းနှီးတဲ့...မျက်နှာစိမ်းတွေရယ်...
ငိုယိုနေကြတဲ့...ငါနဲ့ရွယ်တူကလေးတွေရယ်...
စိမ်းသက်တဲ့ပတ်ဝန်းကျင်ရယ်က...ကျောင်းဆိုတဲ့နေရာ
မှာ...တစ်ယောက်တည်းကျန်နေခဲ့ရမှာကိုသိပ်ကြောက်ခဲ့
တာ...ဆုပ်ကိုင်ထားတဲ့ငါ့လက်ကို..မားမားကဖြည်ဖို့်
ကြိုးစားလိုက်တဲ့အချိန်မှာ....အော်ငိုနေတဲ့
ကလေးတွေနည်းတူ....ငါ့မျက်လုံးထဲ...
မျက်ရည်စတွေနေရာယူနှင့်နေပြီ
တဖြည်းဖြည်းများလာတဲ့..မျက်ရည်စတို့်ကြောင့်
ဆူညံစွာ..ငါအော်ငိုမိတဲ့အခါ...မားမားက...
မျိုးစုံကိုချော့ရှာတယ်...ဒါပေမယ့်....5နှစ်အရွယ်ကလေးတိုင်းနည်းတူ....
မွေးလာပြီးတည်းက
ပထမဦးဆုံး...ကျောင်းတက်ရမယ့်နေ့မှာ...
ကြောက်ရွံ့ငိုကြွေးနေသလောက်...မင်းကတော့...ခြားနား
ခဲ့တယ်နော်.....ခြေပစ်လက်ပစ်...ထိုင်ချကာ....မျက်ရည်ပေါက်ကြီးငယ်ကျနေတဲ့....ငါ့အာရုံထဲဝင်လာတာက...မင်းရဲ့...
အဖြူရောင်အရုပ်ကလေးတွေပါတဲ့...ဖိနပ်...
ဘောင်းဘီတိုဝတ်ထားလို့လွတ်နေတဲ့..
ဒူးအောက်ခြေထောက်ဖြူဖြူလေး...
မင်းသိလား...ဒါတွေမြင်ရုံနဲ့...ငါ့မျက်ရည်တွေစဲသွားခဲ့တာ
![](https://img.wattpad.com/cover/85328436-288-k688663.jpg)