*•Chapter Four•*

8.8K 852 27
                                    


°•BELONGS TO•°
*•Chapter Four•*
ChanBaek BaekYeol
Yaoi

ကျွန်တော် အတန်းရှေ့က ဆရာမ စာသင်နေတာကို တကယ် စိတ်ဝင်တစား လိုက်နားထောင်ဖို့ ကြံစည်ထားပါတယ် တကယ်ပါ~

ဒါပေမယ့်လေ..

ကျွန်တော် ရှေ့တည့်တည့် white board ကို သေချာ စူးစိုက်ကြည့်နေပေမယ့် မျက်လုံးက ရှေ့ကိုတင် မဟုတ်ပဲ ဘေးဘယ်ညာပါ နည်းနည်းစီ မြင်နေရတာကြောင့် ကျွန်တော် တကယ်ကို နေရထိုင်ရ ကျပ်ပြီး စာထဲ အာရုံက အပြည့်မရောက်နိုင်ဘူး။

ကျွန်တော် ခုလို ဖြစ်နေရခြင်း အကြောင်းအရင်းက Park ChanYeol..။

သူ ထိုင်နေတဲ့ အတန်းနဲ့ ကျွန်တော် ထိုင်တဲ့အတန်း ဘေးချင်းကပ်.. ဒါ့အပြင် ကျွန်တော်က အစွန်ဆုံးမှာ ထိုင်သလို သူကလည်း အစွန်မှာ ထိုင်လေတော့ ကျွန်တော်တို့ကြား နည်းနည်းလောက်သာ လှမ်းသည်။

အဲ့တာတောင် သူ့အတန်းမှာ သူနဲ့ KyungSoo နှစ်ယောက်တည်း ထိုင်ရတာမို့ နေရာအကျယ်ကြီး ရှိပါလျက် ဘာကိစ္စ အတန်းအစွန်မှာ မပြုတ်ကျရုံတမယ် ထိုင်နေသည်မှာ ဘာကြောင့်နည်း?
ခြေထောက် တစ်ဖက်တောင် အတန်းပြင်ကို ထုတ်ထားသေးသည်။

သူ အဲ့ဒီလို မထိုင်ရင်တောင် သူနဲ့ ကျွန်တော့်ကြား ဘယ်လောက်မှ မခြားတာ.. ခုကျ သူက ကျွန်တော်နဲ့ အရမ်း နီးကပ်နေသလို~

ဒါပေမယ့် ခု ကျွန်တော်ကသာ စာမှာ အပြည့်အဝ အာရုံမရောက်နိုင်ပဲ မျက်ဝန်းထောင့်က သူ့ပုံရိပ်ကြောင့် သူ့ဆီပဲ အာရုံရောက်ရောက်နေတာ..

သူကတော့ အေးဆေးပဲ.. ကျွန်တော့်ကို ဂရုတောင် မစိုက် ဆရာမ စာသင်နေတာကို သေချာ နားထောင်ပြီး lecture လိုက်နေတယ်။

ကျွန်တော် ကိုယ့်ကိုကိုယ် စိတ်ပျက်စွာနဲ့ပဲ ခေါင်းကို မှောက်ချလိုက်ကာ ကိုယ့်ခေါင်းကို ပြန်ထုနေမိသည်။

ရုပ်ရှင်တွေထဲမှာလည်း ပါတယ်.. ဝတ္ထုတွေထဲမှာလည်း ဖတ်ရတယ်.. လူတစ်ယောက်ကို အရမ်း ချစ်မိသွားပြီဆိုရင် အဲ့ဒီလူက အဝေးမှာ ရောက်နေလည်းပဲ ကိုယ့်စိတ်က အမြဲ သူ့ဆီမှာပဲ ရှိနေတယ်တဲ့~ အနီးအနားက လူကို စိတ်တောင် မဝင်စားဘူးတဲ့~

°•Belongs To•°Where stories live. Discover now