DEAD LEAVES

582 56 0
                                    

                *VKOOK YAOI VERSION*
    
ဖုန်းသံကလေးကြောင့် သူခုံပေါ်မှသူ့ဖုန်းကိုယူကာ
ကမန်းကတန်းအခန်းထဲမှ ထွက်လာခဲ့လေသည်။ခုနကလေးကမှ အိပ်မောကျသွားရှာသော kook
ကလေး လန့်နိုးသွားမှာစိုးရိမ်သောကြောင့်ဖြစ်
သည်။ သူတံခါးစိထားလိုက်ပြီး phone
နားမထောင်ခင် caller nameကို တစ်ချက်ရှိုး
လိုက်မိသည်။ phone screenကိုကြည့်လိုက်
တော့ ဆက်တဲ့သူက Park Jimin...

"Hello Chim"
"Hello Taehyung~ah ဘယ်မှာလဲ?"
"ကိုလား? ဆေးရုံမှာ"
"ဆေးရုံ?!aww kookဆီမှာလား"
"Omm Chim Kookဆီမှာ ဒါနဲ့ဖုန်းဆက်တာ
က ဘာကိစ္စရှိလို့လဲ"
"ကိစ္စရှိမှဆက်ရမှာလား Taehyung~ah"
သူမအသံအနည်းငယ် ဒေါသထွက်သွားဟန်
"အဲလိုသဘောပြောတာမဟုတ်ပါဘူး Chim
ဖုန်းဆက်တယ်ဆိုတော့ ပြောစရာအကြောင်းတစ်
ခုခုရှိမှာပေါ့လို့ အဲလိုသဘောပြောတာပါ Chim
က အလုပ်အရမ်းများတဲ့လူတစ်ယောက်လေ "
"အဟွန်း အဟွန်း စကားပြောတတ်သွားလို့
ကံကောင်းသွားတယ်မှတ်ပါ ။Chimဖုန်းဆက်
တာ မတွေ့ရတာကြာပြီ Taehyungကို
တွေ့ချင်လို့ သတိရလို့ "
"အခုအလုပ်ပြီးပြီဆိုတော့ Taehyungနဲ့ Dinnerသွားစားချင်လို့ အိမ်မပြန်ခင်လေ တူတူ
မစားဖြစ်တာလည်းကြာပြီလေ ဒါနဲ့ ခုအဲကနေ
ပြန်တော့မှာမလား Taehyung ommaပြောတာ
ညနေ၃ကျော်လောက်ကသွားတာတဲ့ အိမ်မပြန်ခင်
Chimလာခေါ်မယ် Dinnerတူတူသွားစားရ
အောင်"
"Ani လာမခေါ်နဲ့chim ကိုကားပါလာတယ်။chimဘယ်မှာdinnerစားချင်လဲ?အဲဒီကိုထွက်ခဲ့
မယ်"
"Ok taehyungသဘောဘဲ :) .....ကိုထွက်လာခဲ့
နော် chimအလုပ်ကနေထွက်လာမှာဆိုတော့ နောက်၁၅မိနစ်လောက်မှရောက်မယ်နော် taehyungရောက်နေရင် ကြာနေတယ်ဖြစ်မှာ
စိုးလို့"
"Ani Gwichanayo ကိုစောင့်နေပါ့မယ် အာ့ဆို
See u laterနော်chim"
"Ok see u later :* mwass taehyung heez
..."
သူဖုန်းမချခင် ဖုန်းထဲက မွခနဲpopoလှမ်းပေးသံ
ကို ကြားလိုက်လေသည်။သူတစ်ချက်ပြုံးမိသည်။
Chim chimက ယောက်ျားလေးတစ်ယောက်
တန်မဲ့ချစ်ဖို့ကောင်းသူတစ်ယောက်ဖြစ်ပါသည်။
ဒါပေမဲ့ သူ့အပေါ်သူ သူငယ်ချင်းတစ်ယောက်ရဲ့
ဆက်ဆံရေးထက် မပိုမိုခဲ့တာသေချာလွန်းပါ
သည်။ သူ့နှလုံးသားကို ကောင်ဆိုးလေးတစ်
ယောက်က စိုးမိုးထားတာကို။
သူဖုန်းပိတ်လိုက်ပြီး အခန်းတံခါးအသာ ဖွင့်ဟကာ
အထဲသို့ ခြေသံခပ်တိုးတိုးဖြင့် ဝင်လာခဲ့လသည်။
လူနာလှဲကုတင်ပေါ်မှာ ဟောက်သံတွေနဲ့အတူ
နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတာလေးတွေ့ရ
တော့ သူသဘောကျစွာ အသံတိတ်ရယ်မိသည်။
အပြစ်ကင်းစင်လှတဲ့ kookieရဲ့မျက်နှာကလေး
ကို ဘယ်ချိန်ပဲကြည့်ကြည့် သူကြည့်လို့မဝတာက
တော့ သေချာသည်...။အခန်းထဲမီးပိတ်ထားလို့
အမှောင်ကင်းမဲ့နေပါသော်လည်း လရောင်ရဲ့
အလင်းဓာတ် က kookieရဲ့မျက်နှာကလေးကို
ပေါ်လွင်ထင်ရှားစွာ မြင်ရစေလေသည်။
သူ kookieရဲ့ရင်ဘတ်အထက်ထိစောင်လွှားပေး
ပြီး ခြေလှမ်းတွေအခန်းထဲကနေ ထွက်လာခါနီးမှာ
Kookieရဲ့ခြောက်ခြားအော်ဟစ်သံကို ကြားလိုက်
ရလေသည်။

Dead LeavesWhere stories live. Discover now