သားရေအနက်ရောင်ကျောပိုးအိတ်ကို ဘေးတခြမ်းစောင်းလွယ်ကာ
လက်မှလည်း သားရေသေတ္တာ ဘီးတပ်
ခရီးဆောင်အိတ်ကို ဆွဲလျှက်Incheon airport မှထွက်လာသော
ဆယ်ကျော်သက်အရွယ်လူငယ်တယောက်။ရွှေဝါရောင်ဖျော့ဖျော့ဆံပင်မတိုမရှည်
လေးတွေကို သားရေပျော့ဖြင့်စီးထားကာမြင့်မားလွန်းသော အရပ်နဲ့ ဆွဲဆောင်မှုရှိလှသော မျက်ခုံးနက်နက်များအောက်
စူးရှသော မျက်ဝန်း
နီရဲသော နှုတ်ခမ်းဖူးဖူးလေးများဖြင့်ထိုကောင်လေးသည် လေဆိပ်ဝန်းအတွင်း၌ရှိသော
မိန်းခလေးအများစု၏ အာရုံကိုဖမ်းစားနိုင်စေခဲ့သည်။" Hello ကျွန်တော် အခု ICN airport ဂိတ်ပေါက်ရောက်နေပြီ ."
"………"
" nae ဒါဆို ကျွန်တော် အဲ့ဒီကိုပဲ တိုက်ရိုက်လာတွေ့တော့မယ်နော်။"
" ………"
" nae ကျွန်တော် အဆင်ပြေပါတယ်ခင်ဗျ
Taxi စီးပြီးတော့ လာတတ်ပါတယ်။""………"
" nae ဒါဆိုကျွန်တော်phချလိုက်တော့မယ်နော်
Mr.Kim "လက်ထဲက Ph ကို End Call လုပ်လိုက်ပြီးတော့မှ
ရှေ့တွင် အသင့်ရှိနေသော Taxi ပေါ်သို့တက်ကာ သူ့အိမ်မက်များရှိရာ
နေရာသို့ လိပ်စာညွှန်ပြရင်း ထွက်လာခဲ့လေတော့သည်။>>>>>>>>>>>>>>>>>>>>
SM Entertainment;
ခမ်းနားထည်ဝါမှုများ အရောင်ထွက်နေသည်ဟု ထင်ရသည့်
ထိုအဆောက်အဦးထဲသို့ ခြေချမိသည်နှင့်ကောင်လေး၏ မျက်နှာကို ရွှင်ပြစေပြီး
အပြုံးပန်းများ ဝေဆာသွားစေတော့သည်။ဟိုအရင်အချိန်တုန်းကတော့ TV ထဲမှာမှ
မြင်တွေ့ဖူးခဲ့သည့် idol များကို တကယ်တန်းအပြင်လက်တွေ့တွင် တစ်မိုးအောက်ထဲ မြင်တွေ့ရမှုက ကောင်လေး၏ စိတ်ကို တက်ကြွပျော်ရွှင်စေသလိုနောင်တချိန်တွင်လည်း သူသည် ထို idol များနှင့်တန်းတူ အောင်မြင်ရမည်ဟု
စိတ်ကလဲ ခိုင်ခိုင်မာမာဆုံးဖြတ်ထားလိုက်သေးသည်။
DU LIEST GERADE
နှောင်ကြိုး
Romantikနှောင်ကြိုးလေး တမျှင် အဖြစ်နဲ့ ကျွန်တော့်နှလုံးသားကိုသာမက ဘဝတခုလုံးကိုပါ ချည်နှောင်နိုင်ခဲ့သော နှောင်ကြိုးရှင် KrisYeol{Yaoi}