Tokyo မြို့၏ ညနေခင်းအလင်းရောင် ဖျော့ဖျော့လေးသည် ပန်းခြံထဲရှိ Sakura ပန်းပင်များကြား ကင်မရာလေးတစ်လုံးနှင့် အလုပ်ရှုပ်နေသော ကောင်လေး၏ အညိုဖျော့ရောင် ဆံနွယ်များပေါ်သို့ ဖြာကျလျက်ရှိသည်......
သူ့နာမည်က Byun Baekhyun...
အသက် ၁၆နှစ် ပြည့်ပြီးပြီးခြင်း အမိနိုင်ငံဖြစ်သော Korea နိုင်ငံမှ ထွက်ခွာကာ စွန့်စားခန်း ရှာချင်ခဲ့သည်မှာ သူ့အိပ်မက်....... ယခုသူ့အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့ပြီလေ.......
အရာအားလုံးက အဆင်ပြေချောမွေ့နေခဲ့သည်။"Ashii...Camera Film ကုန်သွားပြီ"
Baekhyun တစ်ယောက်စိတ်ပျက်စွာ တစ်ယောက်တည်း တိုးတိုးလေးရေရွတ်ရင်း နောက်ကိုလှည့်လိုက်သည်.....
ပန်းခြံလမ်းလေးတစ်လျှောက် Baekhyun.Camera ထဲက ဓာတ်ပုံလေးတွေကို ကြည့်ရင်း လမ်းလျှောက်လာခဲ့သည်....
ထိုအချိန်တွင်.....
သူ့ Camera ကို လုယူသွားသော လက်တစ်စုံ....
အစကတော့ သူကြောင်ကြည့်နေမိသည်.. ပြီးမှ"ဟာ......ခါးပိုက်နှိုက်...ကယ်ကြပါဦး..ဖမ်းပေးကြပါ"
သူရောက်နေသည်က Japan နိုင်ငံ အော်နေသည်က Korean လို.....
မထူးတော့ပါဘူးလို့တွေးပြီး လက်ကကိုင်ထားသော ကျောပိုးအိတ်ကို ကောက်လွယ်ရင်း ခါးပိုက်နှိုက်နောက်သို့ အမြန်ပြေးလိုက်ခဲ့သည်။ မလိုက်လို့လည်းမဖြစ် Camera က သူ 16နှစ်ပြည့်လက်ဆောင်အဖြစ် Omma မှ ပေးထားသောလက်ဆောင် ပြီးတော့ တစ်နေကုန်သူရိုက်ထားရတဲ့ ဓာတ်ပုံတွေ အကုန်ပါသွားရင် ဂန့်ပြီလေ😂😂
Baekhyunက ကျောင်းမှာ အတော်ဆုံး အပြေးချန်ပီယံဖြစ်သည့်အလျှောက် ခါးပိုက်နှိုက်ကို ခဏလေးအတွင်း ဖမ်းမိသွားသည်.......
ဖမ်းမိမိခြင်း ခါးပိုက်နှိုက်ကိုမြေပြင်ပေါ်သို့ ဆွဲလှဲချလိုက်ပြီး ခါးပိုက်နှိုက်ပေါ်သို့ ခွတက်လိုက်သည်။
ŞİMDİ OKUDUĞUN
If I Have A Chane To Tell You
Fanfiction"ကျွန်တော်လေ သူ့ကိုပြောပြချင်လိုက်တာ ညတိုင်း ကျွန်တော့်အိပ်မက်ထဲက နှင်းဆီပန်းခင်းလေးထဲကို မြင်းစီးပြီးဝင်လာတတ်တဲ့ သူရဲကောင်းလေးအကြောင်း... ပြောပြခွင့်ရမှာ အခွင့်အရေးရတဲ့ တစ်နေ့ကျရင်ပေါ့"