တစ်ချက်တစ်ချက်လေပြည်လေးတွေတိုးဝှေ့ကာ
နားသဖျားကိုကျီစယ်နေလေသည်
မနက်ခင်းစောစောနှင်းကျထားသဖြင့်
လေပြည်ကြားထဲရေစက်အချို့တို့ရောယှက်နေသည်
နှလုံးခိုက်အောင်ချမ်းလှတဲ့ဆောင်းရာသီပင်
ဆောင်းဥတုကုန်ခါနီးသဖြင့်အငြိုးကြီး၍ပင်
ပိုလို့အေးစေသည်.....
သူလည်းနှုတ်ဆက်ကာထွက်ခွာသွားချင်တာပဲတွေးလက်စအတွေးကိုခေတ္တခဏရပ်ခဲ့ရသည်ထို့နောက်
....အိမ်မှထွက်ကာအသက်မွေးဝမ်းကျောင်းပြုရာ
ဖြစ်သည့်...နေရာသို့ခရီးဆက်ရပေမည်
အချိန်ကားနေ့လည်သို့ပင်ရောက်ခါနီးနေပြီ
ဒီကျောင်းသားတွေတော့ဆောင်းဥတုအကြောင်းပြုကာ
အိမ်မှာစောင်တွေနဲ့နှပ်နေကြပြန်ပြီ....
ဟူး.....ဆရာကိုယ်တိုင်ကိုကအပျင်းကြီးလို့
နေ့လည်မှကျောင်းတက်ဖို့ကျောင်းချိန်ကိုပင်
ပြောင်းလဲခဲ့သူ....
ကျောင်းသားတွေအလွန်လည်းမဟုတ်ပါဘူးလေ..😪😪မြေနီလမ်းလေး.....
မြို့ကြီးပြကြီးကလို..မည်းမည်းနဲ့လမ်းတွေမဟုတ်ဘူးလေ
မြေနီလမ်းလေးတလျှောက်...အလေ့ကျပေါက်နေတဲ့
အနံ့မရှိတဲ့မြက်ပန်းပင်လေးတွေ....
သူတို့လည်းတတ်နိုင်သည့်အရာနှင့်လောကကိုပင်
ရအောင်အလှဆင်ခြယ်မှုန်းနေကြသူများသာလေပြည်လေးတိုးဝှေ့တိုင်းပါလာတဲ့စံပယ်နံ့
ကျွန်တော်တို့ကျောင်းရှေ့မှာ..
ကျောင်းသားတွေတစ်တပ်တစ်အားနဲ့ပါဝင်စိုက်ပျိုးခဲ့
ကြသည့်..စံပယ်ခင်းကကျောင်းရှေ့တွင်စီးကြိုရုံသာမက
အဝေးကနေပင်..ရနံ့ကိုထုတ်လွှတ်ကာ
လူအများရဲ့ညစ်ညူးနေတဲ့စိတ်ကိုအေးချမ်းစေနိုင်အောင်
စွမ်းဆောင်နိုင်ပါသည်မြက်ခင်းဝါဝါကျင်ကျင်လေးတွေက....
ကျောင်းသို့စဝင်လာခဲ့ပြီဆိုတာကို
သက်သေခံနေသည်...
ကျောင်းပေါက်ဝတွင်ရှိသည့်....ညို့ညို့မှိုင်းမှိုင်းအပင်ကြီး
တစ်ပင်..နေအလင်းရောင်ရှိနေလို့သာတင့်တယ်နေသည်ဟု
ထင်ရသော်လည်း...လအလင်းရောင်နှင့်သာဆိုလျှင်
စိတ်ကိုခြောက်လှန့်နေသည့်အရာ....
YOU ARE READING
ထိုကျောင်းသားများနှင့်ဝေးဝေးနေရပါလို၏
FanfictionTeacher LuHan Teacher's Husband Oh SeHun 10 EXO members are students