*One day you're gonna remember me and how much I love you ...
Then you're gonna hate yourself for letting me go*စာသားနှင့်...ပုံကို တွေ့တော့...ဘာရယ်မဟုတ်
ကျွန်တော်...စိုက်ကြည့်နေမိသည်...Like buttonကို နှိပ်လိုက်တော့
တစ်စုံတစ်ယောက်ကို သတိရသည်...တကယ်တော့ တိုက်ဆိုင်မှုရှိလျှင် သတိရစရာ လူလည်း ကျွန်တော့်မှာ တစ်ယောက်ထက်ပို၍ များများစားစား ရှိမနေပါ...
ထိုတစ်ယောက်ကိုပဲ ပြေးပြီး သတိရလိုက်မိ
သည်သာ ဖြစ်သည်...ဘာကြောင့်မှန်းတော့ မသိ...
သိစရာလည်း လိုအပ်သည်ဟု ကျွန်တော်
မထင်ပါ...ညာဘက်ထောင့်ရှိ share Button ကို
နှိပ်လိုက်မိသည်...တိုက်ဆိုင်မှုတွေ ရှိတိုင်း...ဖြစ်ပေါ်လာသည့်
ခံစားချက်များမှ...ကျွန်တော်...မကြာခဏ
ဆိုသလို ...ရုန်းထွက်ဖို့ ခက်ခဲနေတုန်းပင်...ဟင့်အင်း...ထို့ထက်ပင်ပိုသေးသည်...
ထိုခံစားချက်များကို စွဲလမ်းနေခဲ့ပြီဟုပင်...
ဆိုနိုင်သည်...noti barမှ တောင်ခနဲ မြည်ကာ
အနည်းငယ် မမြင်ရတာကြာပြီဖြစ်သော...
နာမည်တစ်ခု တက်လာသဖြင့် ကြည့်ဖို့ရာ
ဝင်လိုက်မိသည်...ကျွန်တော် shareလိုက်သော postက
သိပ်ပြီးများ သိသာနေလို့လား...သို့မဟုတ်...Oh Sehunသည် အရင်အတိုင်းပင် ကျွန်တော်နှင့်ပက်သက်၍ သူ့ကိုယ်သူ
အထင်ကြီးနေဆဲ လား...ကျွန်တော့်ခံစားချက်များ အားလုံးသည်...
သူနှင့်သက်ဆိုင်သည်ဟု...စိတ်ကြီးဝင်နေဆဲလား...ကိစ္စမရှိ...သူ့ကို ရည်ရွယ်တာ မဟုတ်ပါဘူးဟု ဗြောင်ငြင်းလိုက်ရုံသာ...
ထိုအတွေးနှင့်ပင် ကျွန်တော့်စိတ်က...
အနည်းငယ် မြူးလာသည်...သို့သော်... လိပ်ပြာသန့်ပါသည်...
အရင်လို ဖျတ်ဖျတ်လူး ရမ်းခါလှုပ်ရှားတတ်
သော နှလုံးသားမျိုး ပြန်လည်ရှင်သန်
ထမြောက်လာခြင်းမဟုတ်...နေရင်းထိုင်ရင်း စိတ်လှုပ်ရှားစရာလေးများ တွေ့ရလျှင်ဖြစ်ပေါ်တတ်သော စိတ်၏
တက်ကြွခြင်းလောက်သာ ဖြစ်သည်...
YOU ARE READING
Faded
Fanfictionစွန့်ခွာထွက်ပြေးခဲ့သူက မလွမ်းရဘူးလို့ ဘယ်သူပြောလဲ... ကျွန်တော်ကတော့ လွမ်းမှာပဲ ဖြစ်သည်