Part 1

5.2K 425 49
                                    

Shorty Puppy

•°Park ChanYeol's Point Of View°•

*Ring~~~*

ကျောင်းပိတ်​ရက်​မို့ အားတုန်း​လေး
လျှော်​ဖွတ်​ထားတဲ့အဝတ်​​လေး​တွေ မီးပူ
တိုက်​​နေတုန်း ထူးထူးဆန်းဆန်း သုံးရက်​မှ
တစ်​ခါ​တောင်​မြည်​​လေမြည်​ထမရှိ​တဲ့
ဖုန်းringသံ​လေးကထမြည်​လာပါ​လေ​ရောလား

အေး​ပေါ့​လေ..FA တစ်​​ယောက်​ရဲ့ဖုန်းမှာ
အဝင်​call အထွက်​callနည်းတာလဲ
ဆန်း​တော့မဆန်းလှပါ.. 😞

သံစုံမြည်​​နေတဲ့ဖုန်း​လေးယူကြည့်​ရင်း
တဖက်​မှဖုန်း​ခေါ်လာသူကိုစစ်​​ဆေးကြည့်​မိ
လေ​တော့ကား.

Contact name တွင်​​ပေါ်​နေသူက

သူပိုက်​ဆံအသုံးလိုသည့်​အချိန်​နှင့်​..
များလှစွာ​သောသူ့ရည်းစား​တွေထဲက
တစ်​​ယောက်​​ယောက်​နဲ့ပြဿနာတက်​လို့
အကူအညီလိုသည့်​အချိန်​မှသာကျ​နော့်​ထံ
တကူးတကဖုန်းဆက်​​လေ့ရှိတဲ့အ​မောင်
Kim JongIn

ဒီအညို​ကောင်
အကူအညီလိုပြန်​သလဲမသိ..😒😒

"Hello နားကား​ကောင်​.. "

"Omm အညို​ကောင်​ ဘာ​ပြောစရာရှိလို့လဲ.."

"​ဟျောင့်​..မင်းအိမ်​ကပါပီအပုဘယ်​သွားလဲ?"

ပါပီအပု??
မသိချင်​​လေနဲ့ဦး..သူ့အ​ကြောင်းကို
နောက်​​မှတကူးတကအချိန်​ယူရှင်းပြမယ်

"သူ့အတန်းပိုင်​ကပိတ်​ရက်
အချိန်​ပို​ခေါ်ထားလို့ဆိုပြီးထွက်​သွားတာပဲ.."

"အချိန်​ပိုမပို​တော့မသိ...
ငါ​တော့မင်းပါပီအပုကိုမင်းတို့နှစ်​လမ်း​ကျော်​က
game ဆိုင်​မှာ​တွေ့ခဲ့တာပဲ.. "

"ဘာ!!ဟုတ်​လို့လားကွာ??"

"မဟုတ်​ဘဲမင်းကိုငါကအချိန်​ကုန်​ခံ
ဘေကုန်​ခံ ​လေကုန်​ခံပြီးဖုန်းဆက်​မလား?? "

"​အေးပါကွာ..ဟုတ်​ရင်​လဲပြီး​ရော..
ကျေးဇူးဘဲ..ငါအခုသွား​ခေါ်လိုက်​ဦးမယ်​..
ဒါဘဲ​.."

အညို​ကောင်​​..ဒင်းကိုပထမဦးဆုံးအကြိမ်
ကျေးဇူး​တော့တင်​မိသား..

Shorty PuppyWhere stories live. Discover now