**First and last warning: Rated Scene တွေ အပိုင်းတိုင်းမှာ ပါမှာမို့ မဖတ်ချင်ရင် မဖတ်ပါနဲ့။ ဖတ်ပြီးရင် မ bash ပါနဲ့။**
Embracing Love ဟူသည်မှာ မိန်းကလေး ပရိတ်သတ်များအကြား လွန်စွာရေပန်းစားသော နိုင်ငံကျော်စာရေးဆရာ Xiao Luhan နောက်ဆုံးရေးသားထားသည့် စာအုပ်ဖြစ်သည်။ ထိုစာအုပ်သည် စာဖတ်သူများ၏ လိင်တူအချစ်ဇာတ်လမ်းနှင့် ပတ်သတ်သည့် အမြင်များကို ပြောင်းလဲနိုင်ခဲ့ပြီး စာဖတ်ပရိတ်သတ်များ၏ အားပေးလက်ခံမှုကို တစ်ခဲနက်ရရှိထားလေသည်။ စာအုပ်ထဲတွင် 18+ ရုပ်ရှင်သရုပ်ဆောင် မင်းသားနှစ်ဦးသည် ဘဝပေးအခြေအနေအရ လိင်ဆက်ဆံခြင်းကို စိတ်မပါဘဲ လုပ်ဆောင်နေရသည်ကို စိတ်ပျက်ကာ အချစ်စစ်ရှာဖွေနိုင်ရန် ကြိုးစားကြပုံကို သရုပ်ဖော်ရေးသားထားသည်။
------------------------------------------------
အခန်းငယ်တစ်ခုအတွင်းတွင် မိန်းမ တစ်ဦး၏ လိုအပ်သည်ထက် ပို၍ ဟန်ဆောင် ညည်းညူနေသော အသံများ ပျံ့လွင့်နေသည်။ ကြေးနီရောင်အဆင်းနှင့် ဆွဲဆောင်မှုရှိသော ယောကျာ်းသည် ထိုမိန်းမ၏ ခန္ဓာကိုယ်ကို ကျွမ်းကျင်စွာ ပွတ်သပ်ကိုင်တွယ်နေသည်။ ထိုသို့ အဝတ်အစားဗလာနတ္ထိဖြင့် ချစ်ရည်လူးနေကြသည့် မြင်ကွင်းကို Cameran က စိတ်တိုင်းကျသည်အထိ ရှုထောင့်ပေါင်းစုံမှ စိတ်ရှည်စွာ ရိုက်ကူးနေသည်။
"Okay!! Cut!"
"အားလုံးပဲ ပင်ပန်းသွားကြပြီနော်။ ဒီနေ့အတွက် ပြီးပါပြီ။ မင်းသားရော မင်းသမီးရော အင်္ကျီတွေ ပြန်ဝတ်လို့ ရပါပြီနော်"
ရိုက်ကွင်းသိမ်းရန် ပြင်ဆင်နေကြသဖြင့် ဝတ်ရုံကြီးကို ခြုံကာ JongIn တစ်ယောက် အမောဖြေနေသည်။ ထိုစဉ် JongInတို့ ကုမ္ပဏီမှ သူဌေးသည် စိတ်ကျေနပ်ပုံရသည့် အပြုံးဖြင့် ရောက်လာသည်။"ထုံးစံအတိုင်းပဲနော်။ JongIn တို့ကတော့ အမြဲ perfect ပဲ။"
"သူဌေး၊ ကျွန်တော့်ပုံက အရမ်းပင်ပန်းနေတဲ့ပုံ ပေါက်မနေလောက်ပါဘူးနော်?"
"မဖြစ်ပါဘူးကွာ။ မင်းက ဘယ်လောက်ပင်ပင်ပန်းပန်း လုပ်ရလုပ်ရ၊ ဘယ်တော့မှ ထွက်မပြေးတတ်တဲ့ကောင်ကိုး။ အဲ့ဒါကြောင့်မို့လည်း မင်း Fan တွေက မင်းကို ချစ်တာ။ ဒီမှာ ရော့။ အမောပြေအောင် Fan letter လေးတွေ မင်းဖတ်ဖို့ ငါယူလာတယ်။" သူဌေးသည် ပြောပြောဆိုဆိုဖြင့် JongIn ကို စာအိတ်ရောင်စုံများ ထည့်ထားသည့် အထုတ်တစ်ထုတ် ကမ်းပေးနေသဖြင့် JongIn ယူလိုက်ပြီး ကုတင်ဘေးသို့ ချလိုက်သည်။
YOU ARE READING
Embracing Love
Fanfictionနာမည်ကြီး အနုပညာလောကထဲတွင် ရုပ်ရှင်မင်းသားများ၏ မာန်မာနနှင့် ဂုဏ်သိက္ခာတို့ကို အရင်းပြုပြီး ဖြစ်တည်လာသည့် အချစ်ဇာတ်လမ်း တစ်ပုဒ်။ ဝန်ခံချက်။ Haru Wo Daite Ita အမည်ရှိ Manga ကို Sekai မှုပုပြီး ဘာသာပြန်ထားပါသည်။ Book Cover by @YeollieKristine