"ကောင်းသောမနက်ခင်းပါ..Baekhyun
လေး..""ဟွမ့်.."
အယ်..မီးဖိုချောင်ဝမှာအိမ်တော်ထိန်း Lee ကနှုတ်ဆက်တာကို နှုတ်ခမ်းကရေဘဲလို ထော်ကာ မျက်စောင်းထိုးမေး မော့ပြီး ထမင်းစားပွဲဖက်သို့ကော့တော့ကော့တော့နဲ့ လျှောက်လာ၏...ကျောင်းသွားဖို့ပြင်ထား
တာတဲ့လေ...ကြယ်သီးကိုနှစ်လုံးလောက်ဖြုတ်ထားပြီး နတ်ကတိုင်ကြိုးကပြေလို့...
ကျောပိုးအိတ်အဖြူလေးကို ဘေးတစ်စောင်း
လွယ်ထားသော ပန်းနုရောင်ဆံပင်နဲ့ကလေး
ငယ်...နှုတ်ဆက်တဲ့ အိမ်တော်ထိန်းကြီးကတော့
ဖင်ပိတ်သွားတာပေါ့ကွယ်..:3ထမင်းစားပွဲဝိုင်းမှာထိုင်နေတဲ့ ထရိန်နာ
Park နဲ့ သူဌေး Byun တို့လည်းထိုအဖြစ်
အပျက်ကိုကွက်ကွက်ကွင်းကွင်းတွေ့သွား၏.Chanyeol ကမနေ့ကတည်းက ဒီအိမ်မှာ
လာနေဖို့ကို သဘောတူခဲ့တာ...ဒီကောင်လေး
က ကျောင်းစာ လူမှုရေး ယဉ်ကျေးမှု
အရာရာ လေ့ကျင့်သင်ကြားပေးရာမှာမို့
Chanyeol လည်း သေချာစနစ်တကျသင်
ပေးချင်လို့ အိမ်တွင် လာနေမယ်လို့
ဦးလေး Byun ကို ခွင့်တောင်းလိုက်ခြင်း...
ဒီကလေးက ဟိုးး..အစကနေစသင်မှ ရမှာလေ..Byun သူဌေးကြီးကလည်း သူ့သားလေးကို
လိမ္မာစေချင်ပြီး ကောင်းစေချင်တဲ့အတွက်
ပူးပေါင်းဆောင်ရွက်ပေးပါတယ်လေ..."အော်..ဦးလေးကြီးက သူများနေရာကို
တောင်အပိုင်သိမ်းပြီး မြိုဆို့နေတယ်လား?"Chanyeol ရယ်လေ..လက်ကကိုင်ထားတဲ့
ကော်ဖီခွက်လေးတောင်ပြန်ချလိုက်ရ၏..
မြိုဆို့တယ်တဲ့..-_- စားနင်တာတောင်နင်တယ်
ဒါသူ့နေရာတဲ့လား...အဲ့လေ...စားပွဲခုံမှာ
ထိုင်ခုံက ဆယ်နေရာတောင်ရှိတာ...ထိုင်
ပါလိမ့်..."Baek ပေါက်စ..အဲ့လိုမပြောရဘူးလေ.."
Chanyeol အသံတိုးတိုးလေးနဲ့သတိပေး
လိုက်ပါရဲ့..သူ့ကိုပြောတာစိတ်မစိုးပေမယ့်
အခုက Baekhyun လေးရဲ့ အဖေပါရှိနေ
လေရာ...ဘယ်ကောင်းမတုန်း..မီးဖိုခန်းထဲက စားပွဲပေါ်ထိုင်နေသော သူမာတာဖခင်ကြီးက မျက်လုံးပြူးကာ..
"Byun Baekhyun!..မင်းလူကြီးကို
ဘယ်လိုဆက်ဆံတာလဲ..?.ဒါကမင်းဆရာ..
အဲ့တာမင်းသိလား..မင်းထက်ဆယ်နှစ်ကျော်
ကျော်ကြီးတယ်...ပြီးတော့ အိမ်တော်ထိန်း
Lee ကိုရော..မင်းသူငယ်ချင်းများအောက်
မေ့နေလား..တစ်အိမ်လုံးမှာမင်းအငယ်ဆုံး..
ဘာလို့အဲ့လောက်ရိုင်းစိုင်းနေတာလဲ..."