~Why I Love U~
Zawgyi
"ငါနင့်ကိုချစ်တယ် Soo Yeon"
Taeyeonဆီကဒီစကားကြားရဖို့ရည်ရွယ်ထားသော်
လည်းအခုလိုရုတ်တရက်ကြီးပြောလာတော့Jessica
ကြောင်သွားသည်။"Soo Yeon-ah~ ဒါငါ့ရဲ့စိတ်ရင်းအမှန်ပါ"
Taeyeonကသူမရဲ့ပုခုံးနှစ်ဖက်ကိုကိုင်ကာ
"ငါဝေခွဲမရဖြစ်နေတာကြာပြီ။ ဒါပေမယ့်မနေ့ညက သေချာသိလိုက်ရတယ်။ အရင်ကလည်းတစ်ယောက် တည်းနေနေကျဆိုပေမယ့်အခုSoo Yeonအိမ်က ပြန်လာရင်ငါ့ရင်ထဲမှာဟာတာတာကြီးဖြစ်နေတယ်။
တစ်ယောက်တည်းလည်းမနေတတ်တော့ဘူး။ ညက
Soo Yeonအိမ်မက်ဆိုးမက်တော့အရမ်းစိတ်မကောင်း ဖြစ်မိတယ်။ Soo Yeonခက်ခဲနေတဲ့အချိန်မှာဘေး
ကနေအားဖြစ်ပေးချင်တယ်။ ငါ့ကိုအဲ့လိုလုပ်ခွင့်ပြုပေး ပါနော်"သူမတိတ်ဆိတ်နေမိသည်။
"Hum Soo Yeon-ah?"
"Taengoo-ah"
"ပြောပါဦးSoo Yeonရယ်"
"Sicaဘယ်လိုလုပ်မှTaengooသိမှာလဲ? ကိုယ်မချစ်တဲ့သူတစ်ယောက်ကိုSicaအဲ့လိုပြုမူ
မယ်လို့ထင်နေတာလား?"Taeyeonပျော်ရွှင်စွာသူမကိုဖက်ထားလိုက်သည်။သူမလည်းTaeyeonပုခုံးပေါ်ခေါင်းဘေးမှီရင်းDevil
အပြုံးနဲ့"ချစ်တယ် Taengoo"
တော်တော်ကြာကြာလေးဖက်ထားပြီးတော့မှTaeyeonကလူချင်းပြန်ခွာလိုက်ပြီး
"လာ...အမူးပြေအောင်ဆန်ပြုတ်သောက်လိုက်ဦး"
"အင်းပါ"
Taeyeonမှာသူမအတွက်ဆန်ပြုတ်ထည့်ပေးပြီး
သူမ စားတာကိုထိုင်ကြည့်နေလေသည်။"Taengoo ဒီနေ့ဘယ်မှမသွားဘူးလား?"
"ဘယ်သွားရမှာလဲ? Soo Yeonရောသွားစရာရှိလား?"
"အင်း...Fanyဆီသွားပြီးဆွဲထားတဲ့Designတွေ
သွားပြရမယ်။ Taengooရောလိုက်ခဲ့မလား?""မလိုက်တော့ပါဘူး"
"ဒီနေ့နေ့လယ်ကျရင်ရုပ်ရှင်သွားကြည့်ရအောင်"
"ကောင်းသားပဲ။ ရုပ်ရှင်မကြည့်ဖြစ်တာအတော်ကြာပြီ"
"Arrasow...Fanyဆီသွားပြီးမြန်မြန်ပြန်လာခဲ့မယ်"