မြေပြင်ပေါ်ဝယ် မတ်မတ်ရပ်လို့ ကြီးမားလွန်းတဲ့ ကမ္ဘာကြီးကို SEHUN ကြောက်ရွံ့နေမိသည်။ မတုန်မလှုပ်နှင့်ကြည့်နေတဲ့ သူလေးကို မိခင်ဖြစ်သူ သာသာလေးလှုပ်လိုက်ကာမှ ပိုလို့ကြောက်နေသည်လေ... သူ့ရှေ့က ကြီးမားလွန်းတဲ့ အဆောက်ဦးကြီးက သူ့ကို ဝါးမျိုတော့မည့်အလား တံတွေးတသီမျိုချ၍ ငြိမ်နေပြန်သည်။
"SEHUN-AH" မေမေ့အသံကို သူလေးကြားလိုက်သည်။ သူ့ရှေ့ရောက်လာပြီး ဒူးထောက်ကာဖြင့် နွေးထွေးတဲ့ သူမလက်တစ်စုံနှင့် SEHUN ပုခုံးကိုကိုင်လျက် "SEHUN-AH ဒါမင်းတက်ရမယ့် ကျောင်းအသစ်လေ"
SEHUN ခေါင်းခါရင်းနှင့် "ဒီကျောင်းမတက်ချင်ဘူး။ ကျွန်တော့ကျောင်းပဲ ကျွန်တော်တက်ချင်တယ်။ JONGDAE နဲ့ပဲကျောင်းတက်ချင်တယ်"
မိခင်ဖြစ်သူ ပြုံးရယ်လျက် သူ့ပါးမို့မို့လေးကို ကိုင်ကာ "မေမေတောင်းပန်ပါတယ်ကွယ်။ Jongdae နဲ့တွေ့ချင်ရင် တစ်နေ့ မေမေမင်းကိုခေါ်သွားမယ်လေ"
"ဟင့်အင်း... Jongdae က ကျွန်တော့သူငယ်ချင်း... ကျွန်တော့မှာ သူငယ်ချင်းတစ်ယောက်ပဲရှိတယ်" Sehun တတွတ်တွတ်ပြောလို့ ရင်ခွင်ထဲက ယုန်ရုပ်လေးကို ကျစ်ကျစ်ပါအောင်ပွေ့ဖက်ပြီး "ခုတော့ Sehun မှာ သူငယ်ချင်းရှိတော့ဝူး"
"သူငယ်ချင်းအသစ်ထပ်ရှာပေါ့ သားရဲ့" Sehun ပါးမို့မို့လေးကို သာသာလေးပုတ်ကာနှင့်ပြောသော်လည်း Sehun မျက်နှာဆူပုပ်လျက် "ဒီမှာဆို မင်းသူငယ်ချင်းတွေ အများကြီးရဦးမှာပေါ့ကွယ်"
Sehun လေး သူ့ကိုသူ မယုံဘူးတဲ့... ဒါပေမယ့်လည်း ဒါကို မိခင်ရှေ့ သူထုတ်မပြောဘူးသတဲ့လေ။ သားငယ်လေး စကားမပြောတော့လည်း Taeyeon သားလေးဆံပင်ကို ဖွာကာနှင့် မတ်တပ်ရပ်လို့ လက်ကိုဆွဲရင်း ပြောလိုက်သည် "မင်း ကျောင်းအသစ်မှာ ပျော်မှာပါ ကလေးရယ်"
ဆူပုပ်ပုပ်ဖြစ်နေတဲ့ Sehun လက်လေးကို Taeyeon ဆွဲလို့ အဆောက်ဦးငယ်အတွင်း ဝင်လိုက်သည်။ သူ့နံဘေးက သားတော်မောင်ကို လှည့်ကြည့်လိုက်တော့ တစ်စုံတစ်ခုကို သူလေး တစိုက်မတ်မတ်ကြည့်နေသည်လေ။ မျက်မှောင်ကြုံ့လျက် Sehun ကြည့်နေတဲ့ဘက်ကို သူမလှည့်ကြည့်လိုက်သည်။ သူမနှုတ်ခမ်းမှ ပြုံးရယ်ကာဖြင့်

YOU ARE READING
Love Stages
FanfictionLuhan ဆိုတဲ့ကောင်လေးနဲ့ ကျွန်တော့်အသက်ကုန်ဆုံးပါရစေ Translation Fic from Asianfanfics. All right reserves to Author Zeelei