Skype app ဖွင့်လို့ Luhan နဲ့ video call လုပ်လို့လေ... သမိုင်းဆရာမ ပေးထားတဲ့ အိမ်စာ ပြီးသည်နှင့် Luhan မေးလိုက်ပြန်၏ "ဒီနှစ်နင့်မွေးနေ့ရောက်ရင် ဘာလုပ်မှာလဲ?"
စာအုပ်ကိုခွာလို့ Luhan ကိုကြည့်ရင်း နှုတ်ခမ်းစေ့လျက် ခေါင်းခါလိုက်သည် "မသိဘူး။ နင်နဲ့ပဲ video call လုပ်ရင်ကောင်းမလား?"
ဒါကို ကြားလိုက်ရတဲ့ Luhan ဘယ်လိုမှ မယုံနိုင် ဟားတိုက်ကာရယ်နေမိသည်။ Luhan ရယ်သံက အင်မတန်ကို ချိုသာလွန်းနေ၍ ဒီကောင်လေး သူ့နံဘေးရှိနေစေချင်တာပေါ့။ မျက်လုံးကိုစုံမှိတ် Luhan ကိုသူ့နံဘေးရှိသည်ဟု ယူဆလိုက်သည်။
"မင်းက အထီးကျန်သမားကြီးလား? မင်းသူငယ်ချင်းတွေ ဘယ်ရောက်သွားပြီလဲ?"
"ငါ့မှာ သူငယ်ချင်းမရှိဘူး" မျက်လုံးနှစ်ဖက်စုံမှိတ်ဆဲ Sehun ဖြေလိုက်သည်။ Luhan နှုတ်ဆိတ်သည်ကို သတိထားမိရာ သူမျက်ခွံကို ဖွင့်၍ "အမှန်တိုင်းဖြေရမယ်ဆိုရင်တော့ Beijing မှာနေတဲ့ သူငယ်ချင်းတစ်ယောက်တော့ရှိတယ်"
"ငါ့ကို ကတိပေးပြီးတော့မှ"
လက်ထဲက ခဲတံကိုအောက်မချ Luhan ကိုကြည့်၍ "ကတိပေးထားတဲ့အတိုင်း နေ့တိုင်းပျော်ပျော်နေပေးတယ်လေ... နင်နဲ့ video call ခေါ်ရင် ငါပျော်တယ်လေ"
"အကျင့်ပုပ်ကောင်ကြီး>.<" Luhan စိတ်ကလေး ချိတ်လိုကောက်၍သာ ခေါင်းငုံ့၍ အိမ်စာဆက်ရေးနေတော့သည်။
နောက်တစ်နာရီကြာသည်အထိ video call မပိတ်ပါဘဲနှင့် လုပ်စရာရှိတာလေးတွေကိုသာ သူတို့လုပ်နေကြတော့သည်။ တစ်ယောက်အသက်ရှူသံကို တစ်ယောက်ကြားလို့ ခဲတံနဲ့ စာအုပ်ပေါ် ခြစ်ရေးနေသည့်အသံများနှင့် ကုန်ဆုံးနေကြသည်။ ဒီလို video call ခေါ်ပြီး လုပ်နေတာလေးတွေဆိုတာ Luhan နဲ့ Sehun အတွက် ပုံမှန်အချိန်လိုပင်... ၂ နှစ်အတွင်းလုပ်ခဲ့ကြလေရဲ့။ dinner ပြီးတာနဲ့ video call ခေါ်လို့ အိမ်စာအတူတူလုပ်ရင်း စကားတွေပြောခဲ့ကြတာ အပြင်မှာ မတွေ့ရတာတစ်ခုလေးပဲပေါ့။
"ပြီးပြီကွ!" Luhan အသံစူးရှရှက Sehun laptop speaker မှဟိန်းခနဲ ထွက်လို့လာသည် "နင်ရှုံးပြန်ပြီ"
"နင်နဲ့ပြိုင်နေတယ်လို့ ဘယ်သူပြောလဲ?"
"နင်ကရော လိပ်ဖိုးဖိုးကြီးလို ရေးနေပြီးတော့များ"
YOU ARE READING
Love Stages
FanfictionLuhan ဆိုတဲ့ကောင်လေးနဲ့ ကျွန်တော့်အသက်ကုန်ဆုံးပါရစေ Translation Fic from Asianfanfics. All right reserves to Author Zeelei