#Minseokkie
* Growl School *
နေ့လည်ထမင်းစားနားချိန်ရောက်တော့ထုံးစံအတိုင်းKai Chenကိုရှောင်ကာအမြန်ထွက်သွားမယ်အလုပ်
Chen >> Kai ah!
Kai >> အင်း
Chen >> ဘယ်သွားမလို့လဲ ဘာလို့ငါ့ကိုရှောင်နေတာလဲ
Kai >> ဟားဟား ဘာကိုရှောင်ရမှာလဲ မရှောင်ပါဘူး
Chen >> မလိမ်နဲ့ မင်းငါ့ကိုရှောင်နေတာ တစ်လနီးပါးပြည့်တော့မယ်
Kai >> ဟားဟား မင်းကလည်းမရှောင်ပါဘူးဆို
Chen >> ဒါဆိုနေ့လည်တိုင်းကန်တင်းမှာထမင်းမစားပဲ ဘယ်တွေသွားနေတာလဲ ပြီးတော့ဘာလို့ကျောင်းဆင်းတိုင်းငါ့ကိုမစောင့်တာလဲ
Kai >> အဲ့ဒါက... ငါမအားလို့
Chen >> လိမ်တယ် မင်းငါ့ကိုရှောင်နေတာငါသိတယ် ဘာလို့လဲမသိပေမယ့် ငါ ငါ
ပြောရင်းအသံကတိမ်ဝင်သွားပြီးငိုသံပါလာ၍Kaiလန့်သွားသည်။
Kai >> Chen ah! ဘာဖြစ်တာလဲ😳
Chen >> ငါ ငါ 😢 ဘာမှမဟုတ်တော့ဘူး
Chenသူ့မျက်ရည်ကျတာကိုKaiမြင်မှာဆိုး၍ထွက်ပြေးသွားပေမယ့် Kaiမှာတော့ Chenမျက်ရည်ကျပြီးထွက်သွားတာကိုမြင်လိုက်သည်။
Chenအခန်းရှေ့ကပြေးထွက်လာပြီး ကျောင်းဆောင်ပျက်ကြီးနားရောက်တော့အားရပါးရငိုချလိုက်သည်။
တော်တော်ကြာအားရအောင်ငိုပြီးမျက်ရည်တွေသုတ်ကာ အတန်းမတက်ချင်တော့တာနဲ့ အိမ်ပြန်မယ်ဆိုပြီးလွယ်အိတ်ပြန်လာယူတော့ အတန်းကကောင်လေးတယောက်စကားကြောင့်Chenမျက်လုံးများပြူးသွားသည်။
Chen >> အခုဘာပြောလိုက်တယ်
' Kaiကိုအခြားကျောင်းကလူတွေဝိုင်းရိုက်လိုက်တာ အခုဆေးရုံရောက်နေတယ်လို့ ´
Chen >> Borr
Chenလွယ်အိတ်ဆွဲကာ Kaiရှိတဲ့ဆေးရုံသို့အမြန်ပြေးလာခဲ့သည်။