လူတိုင်းမှာသူ့ဝါသနာနဲ့သူရှိတယ်။ တစ်ချို့ ဝါသနာတွေက ကြီးကျယ်မြင့်မြတ်ပြီး တစ်ချို့ ဝါသနာတွေကလေးကလားဆန်တတ်သလို တစ်ချို့ ဝါသနာတွေကျပြန်တော့ စိတ္တဇဆန်လွန်းတယ်။
ဒါပေမယ့်လူတစ်ယောက်ရဲ့ဝါသနာဆိုတာကြီးက လွယ်လွယ်နဲ့ဖျောက်ဖျတ်ပစ်လို့မရတာပဲလေ။
ဝါသနာကိုအရင်းခံရင်းကအောင်မြင်မှုတွေရနိုင်သလို ဆုံးရှုံးမှုတွေလည်းကြုံတွေ့ရနိုင်ပေမယ့် လူတိုင်းကတော့ဝါသနာကြောင့်ဒုက္ခရောက်ရတယ်ရယ်လို့ အမည်ကင်ပွန်းတပ်မှာမဟုတ်ပါဘူးလေ။
တစ်ခါတစ်ရံ ၀ါသနာကနေ ရင်ခုန်သံကိုပါရှာတွေ့ရတတ်တယ်ဗျ။သူများတွေမှာ gameဆော့တာ ပုံဆွဲတာ ဘောလုံးကန်တာ စသည်ဖြင့်ဝါသနာရှိသလို ကျွန်တော် Park chanyeolမှာလည်း ၀ါသနာတစ်ခုရှိတယ်။ အဲ့တာက စာဖတ်ရတာ။ စာဖတ်တယ်ဆိုလို့အထင်တော့စွတ်မကြီးလိုက်နဲ့။ ကျွန်တော်က Fanfiction ဖတ်ရတာကိုအရမ်းသဘောကျတာ။
ဟီ ဟီ။ အထူးသဖြင့် Wattpadက ကျွန်တော့်ရဲ့
Paradise ကြီးပေါ့။ AFFလို ရှာရတာအလုပ်မရှုပ်ပဲ တစ်စုတဝေးထဲဖတ်လို့ရတဲ့အတွက် ကျွန်တော် Wattpad ကိုသိပ်ချစ်သည်။*beep beep ဖရွတ် ဖရွတ် ဖွတ် ဖွတ်!!!!!*
Dataဖွင့်လိုက်သည်နှင့်တတ်လာသော W notiများကိုကြည့်ပြီး Chanyeol အားရပါးရပြုံးလိုက်သည်။
"ဟီးဟီး ချစ်ဖို့ကောင်းလိုက်တဲ့ author တွေကျန်း။ updateထားတာအများကြီး။ Oops!!🙊"
"အာ......!!!!!!"
Chanyeol သူ့အသံသြကြီးနဲ့အော်ရင်း မွေ့ယာတဲ့ လူးလိမ့်ကာ ခြေတံရှည်ကြီးတွေကို လေထဲမှာရေကူး
နေသည်။"ဘာဖြစ်တာလဲ Chanyeol ကြွက်ဝင်တာလား။"
အပေါ်ထပ်ကို ကရောကပါးပြေးလာတဲ့ ရက်ပိုင်းသာကွာသောအစ်ကိုဝမ်းကွဲလေးကို Chanyeol အားရပါးရ ပြေးဖက်လိုက်သည်။ ခြေမျက်စိနဲ့ ခုတင်စောင်းနဲ့ဆောင့်မိတာတောင် ဂရုမစိုက်အား သူ့မှာကြွားဖို့ကအရင်။
YOU ARE READING
Dear Author
Fanfictionကျွန်တော် Wattpad ပေါ်ရောက်တဲ့အချိန် တိုင်းသူ့updateလေးကိုမျှော်နေမိပါတယ်။ Happy birthday Mommy Na Eun Sol.ᕙ('▽')ᕗ