ဆေးခန်းကနေပြေးထွက်သွားပြီး ၂ပတ်ကြာတဲ့အထိ Chanyeol ပြန်မပေါ်လာတော့အပြင် Bogum ကလည်း ခါတိုင်းမတူ Chanyeol အကြောင်းတစ်ခွန်းမပြောပဲ နှုတ်ဆိတ်နေတာမို့ Baekhyun နည်းနည်းတော့ စိုးရိမ်စိတ် ဖြစ်မိသည်။
"အာ...ဘာပဲဖြစ်ဖြစ် ငါနဲ့မဆိုင်တဲ့ကိစ္စပဲဟာ"
Baekhyun ရေးလက်စသံစဉ်အပေါ်မှာပဲ အာရုံပြန်စိုက်လိုက်သည်။
"မဟုတ်သေးဘူး လေ Byun Baekhyun အခုဟာက မင်းနဲ့အကြီးကြီးကိုပတ်သက်နေတာလေ။"
Baekhyun သက်ပြင်းချလိုက်သည်။
* ဖုန်းဆက်ကြည့်ရင်ကောင်းမလား။ ဒါပေမယ့်....
ဒဏ်ရာကိုဆွပေးနေသလိုဖြစ်နေပါ့မယ်လေ။ မေ့လောက်ပါပြီ*Baekhyun သံစဉ်အသစ်တစ်ခုကိုသာ
ကြိုးစားတီးခတ်လိုက်သည်။°•°•°
Chanyeol အဆက်မပြတ်ခုန်နေတဲ့ ရင်ဘတ်ကို အသာဖိပြီး ဂီတခန်းမတံခါးကိုဖွင့်လိုက်သည်။ လေ့ကျင့်နေကြတဲ့ ကျောင်းသူ၊ကျောင်းသားတွေကြား တစ်ချက်ဝေ့ကြည့်လိုက်တော့ Sunbae ကိုမတွေ့။
Chanyeol ရဲ့ စိုးရိမ်စိတ်လေးမြင့်တတ်လာတော့သည်။"အမယ်...ပန်းနဲ့ပါလား Chanyeol ဘယ်သူ့ကိုပေးမလို့လဲ?"
Chanyeol ကျောနောက်မှာဝှက်ထားတဲ့ ပန်းကိုမြင်ဖြစ်အောင်မြင်ပြီး ပြီတီတီ အပြုံးကြီးနဲ့ ကြည့်နေတဲ့ Taeyeon sunbaeကြောင့် Chanyeol နားရွက်လေးတွေရဲသွားတော့သည်။
"Sunbae Baekhyun sunbaeကိုတွေ့သေးလား".
"Byun Baek လား ။ အပေါ်ထက်က ပီယာနိုရှေ့မှာရှိနေမှာပေါ့။ ဒါနဲ့...."
Taeyeon.. . Chanyeol နားတဖြေးဖြေးတိုးလာပြီး ရင်ဘတ်ကိုတံတောင်နဲ့တို့လိုက်သည်။
"နင်ပြောတဲ့သူက သူလား"
အရိပ်အကဲမြန်လွန်းတဲ့ Sunbaeကြောင့် Chanyeol မျက်နှာတွေရဲလာပြီး နှုတ်ခမ်းကိုက်လိုက်သည်။
VOUS LISEZ
Dear Author
Fanfictionကျွန်တော် Wattpad ပေါ်ရောက်တဲ့အချိန် တိုင်းသူ့updateလေးကိုမျှော်နေမိပါတယ်။ Happy birthday Mommy Na Eun Sol.ᕙ('▽')ᕗ