2012 ခုနှစ် May လ
Sehunnie POV💕
ဘာလိုလိုနဲ့ သူတို့ ဆီကို M member တွေပြန်လာဖို့ရက်ကနီးလာပြီလေ...
April လကုန်ရင် K နဲ့ M ပေါင်းပြီး promote လုပ်စရာတွေရှိတယ်လို့ Manager hyung က ပြောထားသည်ပဲ .. 😍😍
ခုနက သူတို့ K memeber တွေ မနက်ပိုင်း အချိန်ဇယားအရ အင်တာဗျုးတခုကိုအသွား ကားပေါ်ကအဆင်းတွင် suho Hyung နဲ့ Manager hyung ပြောသံတွေအရ M member တွေ အခု လေဆိပ်မှာဆိုလား..
သူ့စိတ် နဲ့သူဆို Luhan hyung ဆီ ဖုန်းပြေးဆက်ပစ်မှာ.. ခုက အင်တာဗျူးကလဲရှိသေးလို့ရယ်..
အင်တာဗျုးနေချိန် တောက်လျှောက် Oh sehun တို့ ဂဏာကိုမငြိမ် ဖြစ်နေတာ..
PD nim တို့တောင် အငယ်လေး စိတ်လှူပ်ရှားနေတာလား မေးတဲ့အထိ..
ဖြေပစ်ချင်တာပေါ့ဗျာ..
" Luhan hyung ပြန်လာတော့မှာမို့ လို့ပါဗျာ" လို့.. မကောင်းတတ်လို့.. ဟွန်း..အင်တာဗျူးပြီးလို့ ပြန်ဖို့ကားပေါ်တက်တော့.. သူ သူထိုင်နေကျနေရာဖြစ်တဲ့ ကားနောက်ခန်းထဲကို အပြေးလေး ဝင်သွားတာ Kyungsoo hyung ကိုလဲ ဝင်တိုက်မိသေးသည်..
အနောက်က သူ့ကိုအော်နေတဲ့ Hyung အသံကို မကြားချင်ဟန်ဆောင်ပြီး သူ့ content ထဲက number 1 နေရာက နံပါတ်လေးကို ခေါ်လိုက်တော့.. တော်တော်ကြာကြာထိမကိုင်သေး..
ခဏလေးနေမှ..
" Hello Sehunnie ah"
Aigoo..အသံချိုချိုလေး...သူမအောင့်နိုင်တော့..
"Hyung အခုဘယ်မှာလဲ. လေဆိပ်မှာဆို..ညဆို ရောက်ပြီပေါ့..ဟုတ်လား...ဘယ်အချိန်လေယာဉ်လဲ.."သူ့ရဲ့ဆက်တိုက်မေးသံတွေအကြား တခစ်ခစ် ထရယ်လာသော Kai ကို လက်တဖက်နှင့် လှမ်းရိုက်ပြီး..
ဖုန်းထဲက hyungကို ဆက်ချွဲဖို့လုပ်သည်.."hyung..."
သူ့အသံကိုကြားတော့ ဘေးကလူတွေ တခစ်ခစ်နှင့်ထရယ်ကြတာ..ဟွန့်😑 သူကလဲသူပဲလေ.. Luhan hyung နားရောက်မှချွဲတတ်တာကိုး...ဘေးကလူတွေကိုမျက်စောင်း နာနာ လှည့်ထိုးပြီး hyungပြောနေတာပဲအာရုံစိုက်လိုက်သည်...
😡"Hyung နဲ့ ညကျရင်လာတွေ့နော်.. Suho hyung ကိုရအောင်ပြောခဲ့.. aegyo ပါသုံးနော်....ခုတော့ hyung ဖုန်းချရတော့မယ် လေယာဉ်ပေါ်တက်ရတော့မှာ.. ညတွေ့မယ်နော် ".. hyung ကတော့ သူ့ကို တတွတ်တွတ် မှာပြီး ဖုန်းချသွားလေပြီ..
YOU ARE READING
Behind The Scenes (HUNHAN)
RandomFiction and the facts..(HH) This is translation from AFF.. Cr.@matodefangirl(AFF)