{ FIRST }

4.2K 363 16
                                    

{1}

Kyung Soo ခြေထောက်တွေ ညောင်းနေအောင်
Seoul မြို့ရဲ့ လမ်းတွေကို ဟိုကွေ့သည်ပတ် လျှောက်နေရတာ နာရီဝက်လောက်ရှိပြီမို့ ဒေါသလည်းထွက်စပြုလာပြီ။ Kyung Soo အရှေ့ကို ကြည့်လိုက်တော့ သူ့ကိုကျောပေးထားသော Kim Jong In ကို မြင်ရသည်။ ခြေလှမ်းဆယ်လှမ်းအကွာက လူက အရှိန်လျှော့မည့်ပုံစံ တစ်စက်မှမပေါ်။

"Yah! Kim Jong In!"

Kyung Soo စိတ်ပေါက်ပေါက်နှင့် အော်လိုက်သံကြောင့် ဘေးမှ လမ်းသွားလမ်းလာတွေကပါ လန့်သွားပုံပင်။ သူ့ကို ဦးတည်အော်မှန်း သိနေသည့် Kim Jong In က တော့ ခပ်တည်တည်ပင်။ ခြေလှမ်းကို အရှိန်တောင်လျှော့။ သူ့ခြေတံရှည်ကြီးနဲ့ အမြန်သွားနေတာကို လိုက်ရလွယ်တယ်များ မှတ်နေလားမသိ။

"Kim. Jong. In!"

ပါးစပ်နား လက်ကိုအော်လံသဖွယ်လုပ်ကာ အော်လိုက်သည့်တိုင် သူကလှည့်မကြည့်သေး။ မသိလျှင် သူကပဲ အပြစ်လုပ်မိထားသလိုလို။ Kyung Soo မှာ အပြစ်ရှိတယ်ဆိုရင်တောင် ကိုယ်တော်ချောကို "ငါ့ကို မင်းက ဂရုမစိုက်ဘူးလား" ဆိုတဲ့ စကားလေးတစ်ခွန်းပဲ မေးမိတဲ့အပြစ် ရှိမည်။ ဒီအရွဲ့မင်းသားက သူ့ကိုအရွဲ့တိုက်ကာ အခုလို ဂရုမစိုက်ဘဲ နေတော့မည်ဆိုတာကို မခန့်မှန်းမိသေး အကျင့်လေ။

"မင်းအဲ့ဒါကြောင့် ဒီဘဝမှာ အသားမည်းနေတာ၊ သိလား!"

Kyung Soo ဆောင့်အော်လိုက်မှ သူက ခြေလှမ်းတွေ ရပ်သွား၏။ Kyungsoo မဲ့လိုက်သည်။ အဲ့ဒီ့ အရွဲ့တိုက်တဲ့ အတတ်ပညာကို ဆရာတစ်ဆူလို ကျွမ်းကျင် ပြောင်မြောက်နိုင်ပါလွန်းတဲ့ Kim Jong In ဆိုတာက ကာလ၊ ဒေသမရွေးဘဲ ရအောင် အရွဲ့တိုက်နိုင်တဲ့ လူ့ခွစာလေး။ Kyungsoo မျက်လုံးမှိတ်ကာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

"​Kim Jong In! မင်းပြန်​လှည့်​မလာနဲ့​။ ငါတို့ဇာတ်​လမ်းပြတ်​ပြီ"

Kyung Soo အော်ကာ လာရာလမ်းဘက် ပြန်လှည့်ထွက်လာခဲ့သည်။ ဒါနဲ့ဆို သူတို့ပြတ်တာ ဘယ်နှခေါက်ရှိပြီလဲ။ ခုနှစ်ခေါက်၊ ရှစ်ခေါက်လား... Kyung Soo မမှတ်မိနိုင်တော့။ သေချာတာ ဒီတစ်ခေါက်ပြတ်တာက နောက်ဆုံးအဆုံးသတ်ပင်။ ထပ်ပေါင်းစရာမရှိတော့။ လည်ပင်းက မာဖလာကို တင်းအောင်ပြန်ချည်ရင်း သတိရလိုက်တာက ဒါသူပေးထားသည့်မာဖလာဆိုတာကိုပင်။ သတိရသည်နှင့် Kyung Soo ထို မာဖလာကို လမ်းမပေါ် ဆောင့်အောင့်ပစ်ချလိုက်သည်။

Love, Love YouWhere stories live. Discover now