"ဒီလိုနူးညံ့တဲ့ ခံစားချက်တွေနောက်မှာ...မင်းပုံရိပ်တွေကပ်ပါလာတိုင်း........ရင်ဘက်တစ်ခုလုံးစုတ်ပြတ်သတ်သွားပါစေ....ငါဒီခံစားချက်အပေါ်မှာ ရူးသွပ်နေမှာပါပဲ...""...."
"Hello say!!!"ဆိုသည့်ရဲလွင်၏ပြတ်တောင်းတောင်း replyပြန်သံကို ကြားနေကြအတိုင်း ထက်နေ ကြားလိုက်ရသည်။ကြားလိုက်တိုင်းလဲ မျက်ခုံးကပင့်မိပြီး ပွင့်နေသည့် နှုတ်ခမ်းလွှာက ပြောဖို့ ဟန် ပြင်မိသည် ။ ဒါပေမဲ့ ထုံးစံ အတိုင်းပါပဲ ဘာဆက်ပြောရမှန်းမသိပေ။"ဟိုလေ... ဟွာ..."ဟုသာပြောမိပြီး ကိုယ့်ကိုယ်ကိုယ်လဲ စိတ်တိုမိသည် ။
"ဟာ...ကွာ....လာပြန်ပြီ။ဟျောင့်ရေ မြန်မြန်ပြောပါဟ ဒီမှာ...ကားပေါ်တက်နေလို့"ဟူသော စိတ်မရှည်သည့်လေသံကို ထက်နေအကြောင်သားနားထောင်နေမိသည်။
"အေး..သားရီး ငါ ..ထက်နေ...."ဟု ထစ်ထစ်အအနှင့် ထပ်ပီး အချိုးမပြေ ပြောမိသည်။ပီးမှ ကိုယ့်နဖူးကိုယ် ပြန်ရိုက်မိကာ ဟိုဘက်က ဆက်ပြောလာမည့်ကို နားစွင့်နေမိသည်။
"အေး...ဘာဖစ်လို့လဲ..."ဟိုဘက်ကလေသံငြိမ်သွားသည် ကြည့်ရတာ ကားပေါ်တက်ပြီးပြီထင်သည်။ တစ်ကိုယ်ရေ တွက်ဆနေရင်း....
"ဟျောင့်...မင်းအခုဘယ်ရောက်နေလဲ...."ဟု မေးကြည့်မိတော့...
"ငါအခု....မှာသင်တန်းက ပြန်လာတာာ...ဘာလို့လဲ "
ထိုအခါမှထက်နေက..."ငါလဲ အခု.....မှာ မင်းအားရင်လာခဲ့ပါလား...ငါတစ်ယောက်ထဲ..ပျင်းလို့."
ရဲလွင်:"အေးပြီးရော..လာခဲ့မယ်လေ..အာ့လေးပြောဖို့ကို အဲ့လောက်ဖြစ်နေတာဟလား မပြောဖူးတဲ့လူတွေကျနေတာပဲ.."ဆိုသော တရစပ်ရန်တွေ့သံများကို သွားလေးအဖြီးသားနှင့်နားထောင်ရင်း...
"အေး..ဆောရီး..ငါဖုန်းသိပ်မပြောတတ်လို့..ဒါပဲကွာ"ဟု အသံလေးတိမ်ပြီး ပြောလိုက်သည်။တကယ်တော့ မပြောရဲတာ..replyတောင် မစောင့်တော့ဘဲ ဖုန်းချပစ်လိုက်သည်။ပြီးတော့သောက်လက်စအအေးခွက်ကိုလှမ်းယူပီး ပိုက်ကိုစုပ်ရင်း မှန် အပြင်ဘက်ကိုလှမ်း ကြည့်လိုက်တော့ ဖြူဖြူ သွယ်သွယ်နှင့် ဆံပင်အကုတ်နှင့်ဂါဝန်အကြပ်ဝတ်ထားသည့်ကောင်မလေးတစ်ယောက် ဆိုင်ထဲဝင်လာသည်ကို တွေ့မိသည်။ဘာရယ်မဟုတ်လှမ်းကြည့်(လှမ်းငမ်း:3)နေရင်း "ရဲလွင်သာဆိုသဘောကျမှာ"ဟုတွေးမိသည်။
ဘာကိစ္စရဲလွင်ကို တွေးနေမိပါလိမ့်ဟု ကိုယ့်ဘာသာတွေးမိရင်းခေါင်းတစ်ချက်ခါလိုက်ကာ မုန့်ကိုကောက်ကိုင်လိုက်တော့..
"ဒီခုံလေးယူလို့ရလားဟင်"ဟူသောအသံနှင့် မော့ကြည့်လိုက်တော့ ထိုကလေးမ...
"Awwwမရဘူးဗျ ဒါလူရှိတယ်...ကျွန်တော့်သူငယ်ချင်းလာတော့မှာ"ဟုပြောလိုက်မိသည် သို့သော်ဆိုင်ထဲကို ပတ်ကြည့်လိုက်တော့လဲ လူအပြည့်"ဟုတ်လား...sorry nw.."ဟု အသံတိမ်တိမ်လေးနှင့်ပြောကာ ကောင်တာကိုပြန်သွားသည်။ ထိုနောက် ကောင်တာမှဝန်ထမ်းများနှင့် ပြောကာ ဝန်ထမ်းများကလဲ ခုံရှာနှင့် ငါးမိနစ်လောက်အလုပ်များနေကြသည်။ ထက်နေ ကောင်တာကို ထသွားပြီး ထိုကောင်မလေးကို လှမ်းတို့လိုက်သည်။"အမ ..အမ...အဆင်မပြေရင်လဲ ဟိုခုံပဲ ယူထိုင်လိုက်ပါ...ကျွန်တော့်သူငယ်ချင်းလဲမလာသေးဘူး...ရပါတယ်"ဆိုတော့"aww...ရလားရှင့်...ကျေးဇူးပဲနော်"ဟု ပြောရင်း လွယ်ထားသောပိုက်ဆံအိတ်လေးကိုပြင်ကာပြင်ကာ ထက်နေအနောက်မှ လိုက်လာသည်။
ခုံတွင်မျက်နှာချင်းဆိုင်ထိုင်နေကြရင်း မျက်နှာပူလာလို့ ထက်နေ ဖုန်းကောက်ဖွင့်လိုက်သည်။ သူ(မ)ကတော့waitressမှလာပေးသော အအေးခွက်နှင့် အလုပ်များနေသည်။မမြင်ချင်ယောင်ဆောင်လိုက်ရင်းလုပ်စရာမရှိဖုန်းscreenကိုသာ သဲကြီးမဲကြီးအာရုံစိုက်နေသည် ဖုန်းတွင်ဖွင့်ထားသည်ကလဲ Adobe reader မဖတ်ရသေးတာတွေရှိမှာပါဟူသည့်အတွေးနှင့် ကြည့်နေသော်လဲ အာရုံက ဖုန်းတွင်မရှိ ထိုဖြူဖြူသွယ်သွယ်ကောင်မလေးကိုသာ မကြည့်ရဘဲမြင်နေသည်မျက်လုံးကကြည့်နေသည်က ဖုန်းscreenမြင်နေသည်က ထိုကောင်မလေး ဟုတ်တော့ဟုတ်နေပါပီ။အအေးခွက်ကိုမွှေသည် ပိုက်ကိုစုပ်ရင်းတစ်ငုံငုံသည်မြိုမချသေးဘဲ ငုံထားရင်းမျက်လုံးကမှန်အပြင်ဘက်ကို ငေးနေသည်။ထိုမိန်းခေး၏လှုပ်ရှားမှုအကုန်လုံးကိုရှင်းရှင်လင်းလင်းမြင်နေရသည်။ထို့နောက်ဖုန်းကို ခဏချပီးကိုယ့်အအေးခွက်ကို ပြန်မွှေလိုက်ရင်း သူက"ဒီဆိုင်က ဒီအချိန်ဆို လူများတယ်နော်.."ဟု မျက်မှောင်လေးကျုံ့ မျက်လုံးလေးမှေးကာ နှုတ်ခမ်းလေးစုရင်းပြောလာပုံလေးကရင်ထဲကလိကလိဖြစ်သွားသည်ကို ထိန်းရင်း"ဟုတ်တယ်ဗျ...ကျွန်တော်လဲချိန်းထားတာရှိလို့သာ ခဏဝင်ထိုင်တာ...လူကြပ်တယ်..."ဟု လိမ်သာလိမ်လိုက်ရသည် စားပွဲပေါ်ကြည့်တော့မုန့်သုံးခု အခွံတေ တကယ်က ဒီဆိုင်က ဒီမုန့်ကို နှစ်ကောင်လုံး ကြိုက်လွန်းလို့ နေ့တိုင်းလာထိုင်နေကျ ကိုယ့်ဖြီးလုံးကို ကိုယ် ရယ်ချင်စိတ်ကို ထိန်းရင်း အအေးသာ ဆက်မွှေနေမိသည်။သူ့ကြည့်တော့ အေးဆေးပင်၊မိတ်ဟောင်းဆွေဟောင်းနဲ့လာထိုင်နေသလိုမျိုးပေါ့ပေါ့ပါးပါးပင် ထက်နေ သူ့ကို မရဲတရဲလှမ်းကြည့်လိုက်တော့ သူက ထက်နေစကားကို စူးစူးစိုက်စိုက်နားထောင်နေသည်။
"ရွယ်လဲ ချိန်းထားတာရှိလို့ အပြင်မှာမစောင့်ချင်လို့ ခဏဝင်ထိုင်တာ...ဝင်မိတာမှားသွားတယ်.လာတော့မှာပါ..သူငယ်ချင်းက.အစ်ကို့ကိုလဲ..အားနာပါတယ်"ကြည့်ပြောရင်း အအေးကို မွှေနေသည်
"ရပါတယ်."ဟုသာအားနာပါးနာပြောရင်းဖုန်းကိုဆက်ပွတ်နေမိသည်။စိတ်ထဲကတော့"ဟိုလဒကလဲ ကြာလိုက်တာ.မလာနိုင်သေးဘူး"ဟုကျိန်ဆဲရင်းmessengerကို အမြန်သွားကာဒင်းaccကို ဝင်ကြည့်တော့ activenow..."huh..ဘယ်လိုလဲဟ"ဟုတွေးရင်း
"မရောက်သေးဘူးလားနီးနီးလေးကို:v"ဟုရိုက်လိုက်သည်။ချက်ချင်းseen replyပြန်သည်"ရောက်နေပြီ အိမ်သာမှာ"