'အာ ဒီကောင်စုတ် ဘယ်ရောက်နေတာလဲမသိဘူး....တကယ်ပဲ'
Baekhyun တစ်ယောက် Jongin ကို တစ်မနက်လုံး ကျောင်းထဲမှာ ပတ်ရှာနေတာ ခုထိမတွေ့သေး....။ အတန်းလည်းလာမတက်...။ Baekhyun စိတ်ရှုပ်စွာနဲ့ သူ့ ဆံပင် နီနီများကို ဆွဲဖွလိုက်သည်။
'ခဏ....ဟုတ်သားပဲ ငါမရှာရသေးတဲ့ တစ်နေရာကျန်နေသေးတယ်.....'
××××××××××××××××××××××××××××××××
မြေကြီးကို လက်နဲ့ပုတ်တာကမှ လွဲချင်လွဲဦးမည်။ Kim Jongin တစ်ယောက်ကတော့ Baekhyun ထင်ထားတဲ့နေရာမှာ ကွက်တိရှိနေလေရဲ့.....။
Kim Jongin စာကြမ်းပိုး.....မဟုတ်သေးဘူး....ဝတ္ထုကြမ်းပိုးဆိုပိုမှန်လိမ့်မည်။ ဝတ္ထုတောင် သူက ရိုးရိုးဝတ္ထုကို မဖတ်...။ စိတ်ကူးယဉ်ဆန်ဆန် fictional ဝတ္ထုများကိုမှ ရွေးဖတ်တတ်သည်။ ဖတ်ပြီဆိုလျှင်လည်း ထမင်းမေ့ဟင်းမေ့အတန်းမေ့ ဖတ်သည်။ ခုပဲကြည့်ပါ.....Baekhyun သူ့နောက်ကရောက်နေတာကိုတောင် မသိရလောက်အောင် စာအုပ်ထဲမှာ နစ်မြောနေလေသည်။
"အား.....နာတယ်ဟ....."
Jongin ယောင်ပြီး အော်လိုက်မိပြီးခါမှ သူ့ကိုယ်သူ စာကြည့်တိုက်ထဲမှာဆိုတာကို သတိရပြီး ပါးစပ်ကို လက်နဲ့အုပ်လိုက်သည်။
သူ့ကိုရိုက်လိုက်သော သူကို ရန်တွေ့ရန်လှည့်ကြည့်လိုက်တော့ မျက်စောင်းထိုးပြီး ကြည့်နေသော Baekhyun ကိုတွေ့လိုက်သဖြင့် သွားဖြီးပြလိုက်ရသည်။"Hi! Baekie နေကောင်းလား ငါ့ကို လိုက်ရှာနေတာလားဟင်...."
Jongin မျက်နှာချိုသွေးကာ မေးလိုက်သည်။
"အေး...ဒီမှာဘာလုပ်နေတာလဲ..."
"ငါလား....စာဖတ်နေတာလေ...."
"အဲ့တာ မင်းပြောမှလား ငါမြင်နေတာပဲကို.....အတန်းမတက်ပဲ ဒီမှာဘာလာလုပ်နေတာလဲလို့ ပြောတာဟဲ့....."
"ဟီး.....ငါလေ.....ဒီစာအုပ်လေးကို အပြီးဖတ်ချင်လို့ဟ......ဒီမှာ ဇာတ်ရှိန်တွေတက်နေပြီ.....အဲ့တာကြောင့် အတန်းမတက်ပဲ ပြီးအောင်ဖတ်မလို့......."
Baekhyun သူ့ကို မယုံနိုင်စွာ ကြည့်ရင်း
"အဲ့ စာအုပ်ကို ဖတ်ချင်လို့ အတန်းမလာဘူးဟုတ်လား.....Jongin.. ...မင်း ဘယ်ချိန်ထိ အဲ့လို့ အဓိပ္ပါယ်မရှိ လျှောက်ရေးထားတဲ့ အသုံးမကျတဲ့စာအုပ်တွေကို ဖတ်နေဦးမှာလဲ....ဟမ်...."
"အသုံးမကျတဲ့ စာအုပ်လို့မပြောပါနဲ့ဟာ... werewolf တွေအကြောင်းရေးထားတာပါဟ....စိတ်ဝင်စားဖို့ကောင်းပါတယ်......ငါက werewolf တွေ fiction တွေဘယ်လောက်ကြိုက်လဲဆိုတာ မင်းလဲသိသားပဲကို .........."
"သိသားပဲ အဲ့လို အဓိပ္ပါယ်မရှိလျှောက်ရေးထားတာတွေကို ယုံရလောက်အောင် မင်းက တုံးတယ်ဆိုတာ ငါသိသားပဲ....ထားပါတော့.. ....ခုတော့ အတန်းသွားမယ် နောက်တစ်ချိန် tuto ရှိတာသိတယ်မလား.....စာမေးပွဲ ကျမှ မင်းရဲ့ စိတ်ကူးယဉ် Alpha က လာကယ်မှာမဟုတ်ဘူး........"
"ဟီး.....သိပါတယ်ဟ....သွားမယ်လေ...."
Baekhyun ကို သွား၃၂ချောင်း ပေါ်အောင် ဖြီးပြကာ ရှေ့ကဦးအာင်ထွက်ခဲ့လိုက်သည်။ Baekhyun ကတော့ သူ့ကို ကြည့်ရင်း သက်ပြင်းချနေမှာ အမှန်ပင်........။
အဲ့ဒီအချိန်တုန်းက အေးချမ်းတဲ့သူ့ဘဝလေး ပြောင်းလဲတော့မယ်ဆိုတာ Jongin လေးမသိရော့သလား.........။
××××××××××××××××××××××××××××××××
A/n-Intro လေး😁😁😁 အစက ဒဏ္ဍာရီရေးမလို့ပါပဲ ဘယ်လိုမှ စိတ်နှစ်လို့မရလို့.....စိတ်က ဒီကိုပဲရောက်နေလို့ 😁😁😁 sorry🙏🙏🙏
![](https://img.wattpad.com/cover/93412130-288-k240670.jpg)