Part - 1

256 22 0
                                    

💍Storm of Love 💍

ပလက်ဖောင်းပေါ် ပြေးတက်လိုက်ရင်း အနီရောင်လွယ်အိတ်ပြားလေး၏ကြိုးကို လက်မတစ်ဖက်နဲ့ ချိတ်လိုက်ပြီး တစ်ဖက်က နာရီကို မြှောက်ကြည့်သည်။ ထိုစဉ် ဖုန်းသံကြားလိုက်တော့ ရင်စေ့ပြီးဝတ်ထားတဲ့ ကုတ်အင်္ကျီအညိုရောင်ထဲက ဖုန်းကို ထုတ်ယူ၍

" Hello...! "

...........................

" လာနေပြီ ခဏလေးပဲ "

...........................

" မတတ်နိုင်ဘူး ဆယ်မိနစ်လောက် ထပ်ကြာမယ် Noဆိုရင်လဲ ပြန်လိုက်တော့ "

phပိတ်ပြီး အိတ်ထဲထည့်၏ ။

Lee Joon : Sooဆိုတာ သူပဲ

L : Soo

Lee Joonက ကားကို ဘီးလှိမ့်ရုံလေး ထပ်တိုးပြီး အသင့်ပါလာတဲ့ဖုန်းနဲ့ အနီးကပ်ဆုံးဆွဲပြီး ဓာတ်ပုံ တချပ်ချပ်ရိုက်သည်။ ရိုက်နေရင်း ပြုံးကာ......

Lee Joon : ခြေလှမ်းကတော့ စက်တပ်ထားသလား ထင်ရတယ် အံ့သြစရာပဲ ကားထည်လဲစီးနိုင်တဲ့ ခြေထောက်က အဲဒီလို အကျင့်တွေ ရနေတာ မင်းစဉ်းစားကြည့်လေ

ဖုန်းကိုင်ထားတဲ့ လက်ကိုချ၍ Lက လှည့်ကြည့်သည်။

L : သူက အဲ့လောက်တောင်လား

Lee Joon : ပိုတာပေါ့

L : ဒါဆို သူက အမြဲတမ်း exerciseရှိတာပေါ့ ဒါကြောင့် မိုက်နေတာထင်တယ်

Lee Joon : သူ့ကို ပြေးလွှားမောပန်းနေရမှာပဲလို့ မင်းထင်နေလား

L : ငါ မြင်တာပဲကို

Lee Joon : မြင်တဲ့လူတိုင်း ဒီလိုပဲ ထင်ကြတာပဲ

L : borr...! အေးပါ မင်းက သူ့ရဲ့ ကိုးဆယ့်ကိုးယောက်မြောက်နေရာလောက်မှာ တစ်နေရာ ရဘူးတဲ့သူဆိုတော့ ပြောပါဦး သူကအရမ်းလှတော့ ဓာတ်ပုံကို မြင်ရတာတောင် မျက်လုံးက မခွါချင်ဘူး

Lee Joon : သူ့မှာ ဘာစိုးရိမ်ကြောင့်ကြမှုမှ မရှိဘူး ရည်းစားတွေထားပြီး အားလုံးကို စီရင်ချက်ချပစ်နိုင်တဲ့ ဘဝကို အလိုရှိတာ ......

L : ဟင်...!!

Lee Joon : သူ ဒါလုပ်တယ် ဒီလိုရှိခဲ့တယ် ဒီလိုနေမလား ဟိုလိုမကြိုက်ဖူး မဟုတ်ရင် အားလုံး Noပဲ သူ့ကို ချစ်မိတဲ့ ယောကျာ်းလေးတိုင်း သူဘယ်လိုပဲပြောပြော ဘယ်လောက်ဆိုးဆိုး အနိုင်ယူပါ အရှုံးပေးပြီးသားဆိုတာမျိုးပဲ စိတ်ဆိုးလို့မရဘူး ဒေါသတွေ ဖြစ်နေပေမဲ့ မမုန်းနိုင်ဘူး

You've reached the end of published parts.

⏰ Last updated: Dec 25, 2016 ⏰

Add this story to your Library to get notified about new parts!

Storm of LoveWhere stories live. Discover now