မင်္ဂလာပါ ကျွန်တော်နာမည်က Kaiပါ
ကျွန်တော်ဘ၀အကြောင်းလေးပြောချင်ပါတယ်
ကျွန်တော်ဘ၀ကကံဆိုးတယ်ဗျ
မွေးရာပါ နှလုံးရောဂါသည်ဗျ
အမြဲတမ်း သူများတွေနဲ့အတူတူမဆော့ရအပြင်မသွားရဘူး
မိဘတွေက မျက်စိအောက်ကအပျောက်မခံဘူး
ကျွန်တော်အစ်မ Taoကလည်းကျွန်တော်ကိုဂရုစိုက်တယ်
ကျောင်းမှာမုန့်ကျောင်းဆင်းချိန်ဆို သူများတွေဆော့နေတယ်
ကျွန်တော်ကတော့ရောဂါကြောင့် အဝေးကနေသာကြည့်နေခဲ့ရတယ် သူများတွေစားတဲ့အချို့အစာစားတွေမစားရဘူး
လူသတ်ကားသရဲကားအက်ရှင်ကားတွေမကြည့်ရဘူး
ကျွန်တော်လည်းကြည့်ချင်တာပေါ့ ဒါပေမယ့်
ရောဂါကြောင့်မကြည့်ရဘူး အမြင့်တွေပါမတက်ရဘူး
ကျွန်တော်တစ်ခါလောက်တော့မလုပ်ရတဲ့အရာတွေလုပ်ချင်တယ် ကျွန်တော်သိပ်မပြုံးပါဘူး အမြဲတမ်း အပြုံးတုကိုဆောင်ထားရတယ် မိဘတွေနဲ့အစ်မကလည်း ပျော်အောင်လုပ်ပေးပေမယ့် ကျွန်တော်မပျော်မိဘူး အပြုံးတုလေးနဲ့ပြုံးပြယုံဘဲ
ကျွန်တော်အသက်၁၄မှာဆရာဝန်တွေကအသက်ရှင်မယ်မထင်ဘူးနှလုံးကပိုအားနည်းလာတယ်လေ
ကျွန်တော်သေရမှာမကြောက်ပါဘူး
အခုချက်ချင်းတောင်သေချင်နေတဲ့သူပါ
ဒါပေမယ့်လေ တစ်နေ့တော့ကျွန်တော်အတွေးတွေပြောင်းလဲခဲ့တယ် သူမကြောင့်ပါ သူမကကျွန်တော်ဘ၀ရဲ့အလင်းရောင်ပါ သူမကိုဘယ်လိုတွေ့လည်းဆိုတော့
မနေ့ကပါ မနေ့ကတစ်မိနစ်လေးပါဘဲ
ဒါပေမယ့်အချိန်တွင်းလေး ကျွန်တော်တစ်ကယ်ကို
ချစ်မိခဲ့တယ် သူမကို
မနေ့ကကျွန်တော်အပြင်ကိုအမေအဖေအစ်မတွေမသိအောင်ခိုးထွက်ခဲ့တယ် နေ့လယ်ဘက်လောက်ပေါ့
ကျွန်တော်တစ်ကယ်ကိုပင်ပန်းနေလို့ဖြစ်ချင်ရာဖြစ်ဆိုပြီးကျွန်တော်ခိုးထွက်ခဲ့တယ် အဲနေ့ကစနေနေ့ပေါ့
ကျွန်တော်ဘယ်သွားရမှန်းမသိတုန်း
လမ်း(...)ထဲဝင်လာခဲ့တယ် အဲချိန်ကျွန်တော်ကောင်းကင်ကိုမော့ကြည့်ပြီးလမ်းလျှောက်တာတဲ့အချိန် လှလိုက်တာကောင်းကင်ကြီးက တွေးနေတုန်း အရှေ့ကတစ်စုံတစ်နဲ့ဝင်တိုက်မပြီးတက်နင်းမိတယ် ကျွန်တော်ကြည့်လိုက်တော့
ဟောကောင်မလေးတစ်ယောက်ကျွန်တော်ရင်ခွင်ထဲသူခြေထောက်ကိုကျွန်တော်တက်နင်းမိထားတယ်
ဟောသူမော့ကြည့်လာတယ်
နဂါးမျက်စောင်းနဲ့ရန်လိုနေပုံပေါ့
သူမနဲ့ခဏမျက်လုံးချင်းဆုံတယ် ကျွန်တော်ရင်ခုန်လာတယ်လက်ဖျားတွေအေးစက်လာတယ် ရင်ခုန်တာကလေ
ကျွန်တော်တွက်တစ်ခါမှမခံစားဖူးဘူး
ဟောသူမကျွန်တော်နဲ့နောက်ဆုတ်ပြီး
Yar!မမြင်ဘူးလားလူတစ်ယောက်လုံးကိုဝင်တိုက်ခြေထောက်တက်နင်းပြီး ပြန်တောင်းပန်ရမယ်ဆိုတာလေ
သေနာကျ ရုပ်ကိုကသူမဟုတ်တဲ့အတိုင်း
ဟောသူဘဲပြောချင်တာပြောပြီးနှုတ်ခမ်းဆူကာပြောနေတယ်
ပြီးတော့လူကိုဆဲသေးတယ် သေနာကျတဲ့ ဟောဗျာ
ကျွန်တော်ကတော့မလှုပ်မရက်ပေါ့
ဆံပင်ကိုစည်းထားတယ်အတိုပါ နှစ်ဖက်ခွပြီးသနားခါးနဲ့ဂါဝန်အရှည်နဲ့ပေါ့လွယ်အိတ်အမည်းရောင်နဲ့ခပ်သွပ်သွပ်လျှောက်နေတာ သူများမိန်းကလေးလိုပဲမများဘဲ လျှောက်နေတာအနောက်ကကြည့်ရင်စမတ်မကျဘူး ကျွန်တော်ရယ်မိတယ်
ဟမ်ကျွန်တော်ရယ်ခဲ့မိတယ်စိတ်ထဲကနေတစ်ဆင့်ပါစိတ်ပါလက်ပါပြုံးနေမိတာ ကျွန်တော်ခဏနေတော့သူမနောက်ပြေးလိုက်မိတယ် ခုန်နေတဲ့နှလုံးသားတစ်စုံကို မျက်ကွယ်ပြုရင်း ဟောခဏကြာသူမ မုန့်ဆိုင်ဝင်သွားတယ်
ဟာသူမစားတာက တော့ပူကီ(မုန့်တီအပြင်မှာက)
အစပ် ကျွန်တော်လည်းဝင်ထိုင်ရင်း သူမမှာတဲ့အတိုင်းစားတာပေါ့မှာပြီး ဒါပေမယ့်မစားနိုင်ဘူးအသေစပ်လို့သူမတော့ ဘေးလူတွေဘာမသိဘူးစားနေတာဘဲ
မစပ်ဘူးလားမသိဘူး ကျွန်တော်မသိမသာသူမကိုကြည့်မိတော့ သူမအသားဖြူ တယ်(ညိုတယ်#)ကြည့်ကောင်းတဲ့မျက်နှာအနေအထားရှိတယ် ဆံပင်နှစ်ခွကြက်တောင်လိုစည်းထားတာ ကလေးလိုဘဲ နောက်တော့သူမစပ်လာတယ်ထင်တယ် မျက်ရည်ဝဲလာပြီး ရေတောင်းသောက်တာ ရှူးရှဲဖြစ်နေသေးတယ် စားတာဘဲမရဘူး သူမကြည့်ကျွန်တော်တော်စပ်လာတယ် အစာအိမ်ထိတော့မှာဘဲစပ်နေတာကို
ဟောသူမမျက်နှာဒီဘက်ရောက်လာတယ်
ကျွန်တော်လည်းအမြန်မျက်နှာလွဲလိုက်ပြီး စားလိုက်တာရှင်ကိုးရှက်ကန်းနဲ့ စပ်လိုက်တာအသေဘဲ သူမထသွားတော့ကျွန်တော်ခဏလေးဘဲသူမနောက်လိုက်တယ်
သူမအိမ်ထဲဝင်သွားတယ်တော့သူမအိမ်ထဲသူမအိမ်ကလမ်းတစ်ကျော်ဘဲကျွန်တော်နဲ့ဝေးပေမယ့်ပေါ့
ကျွန်တော်အိမ်ရောက်တော့အမေအဖေကဘာမှမပြောပါဘူး
အစ်မရောဘဲအစ်မဆိုကျွန်တော်ကြည့်ကြောင်နေတာဗျ
အိမ်ထဲဝင်လာထဲကို အပြုံးနဲ့ပြုံးစိပြုံးစိနဲ့ကို
ကျွန်တော်ကိုဆူရင်ကျွန်တော်အပြူံးပျောက်သွားမှာစိုးလို့မဆူတော့တာ အစ်မဆိုကျွန်တော်ကိုပြေးဖက်ပြီးမေးတာဘာတွေပျော်နေတာလည်းတဲ့ ကျွန်တော်ကဘာမှမဟုတ်ဘူးဖြေတော့မှ အစ်မကနောက်မှပြောပြနော်တဲ့
အမေအဖေလည်းပျော်နေတာ ကျွန်တော်ရဲ့ပထမဆုံးအပြုံးလေ ကျွန်တော်အပြုံးတောင်သူမဖန်တီးနိုင်ခဲ့တယ်သူမကဘယ်သူလည်းတော့မသိဘူး သေချာတာသူမကကျွန်တော်ရဲ့ ကယ်တင်ရှင်ပါ
#11.12.2015#SeoYoon
#12.12.2016 My BD
#ဖြစ်ရပ်မှန်တစ်စုံတစ်ယောက်ရဲ့ ဒိုင်ယာရီထဲကပေါ့
YOU ARE READING
သူမကြားနိုင်တော့တဲ့ကျွန်မချစ်စကားသံ
Romance#အဆုံးသတ်မလှတဲ့ဖြစ်ရပ်မှန်လေးတစ်ခုကိုရင်နင့်စွာရေးသည်# For မမြင်နိုင်တော့တဲ့ကျွန်မလူကြီးအတွက်😔 I Love You~~~