Good Bye

157 18 5
                                    

မ ကြောက် စွာ ဘဲ အေးဆေးစွာ အိပ်ပျော် နေသလို  လဲလျောင်း နေတဲ့ ရုပ်ကလာပ် တစ်ခု အနား ရှိုက်ကာ ငင်ကာ ငိုနေရင်း ထွက်သွားတော့မယ့် သူကို  တားမြစ် လည်း သူဟာ ခေါင်းကြောမာမာနဲ့ နောက်မဆုတ်ဘဲ ဆက်သွား မှာပဲတဲ့…

ဒါဆိုလည်းသွား နှင့် ပေါ့…

သွားချိန်တန်လို့ သွားရတာပဲ မဟုတ်လား…

တစ်နေ့ မှာ ပြန် ဆုံ မယ် လို့ ဧကန်မုချ သေချာ လှသလို  စောင့်နေ လေ နော်…

လူ့ဘဝက ဖြတ်သန်းခဲ့တဲ့ နေ့ရက် တွေ တိုင်းက အမှတ်တရ တွေကို ထာဝရ အမှတ်ရနေရင်း အဝေးတစ်နေရာကနေ မျက်လွှာ နှစ်ခုကို မှိတ်စက်လို့ သူ့အား ရည်စူးကာ အာရုံပြု…

နောက်ဆုံး အကြိမ် အဖြစ် ဟောဒီ နေရာ ကနေ သူ့အား လက်အုပ်ချီ ကန်တော့ လိုက်လျှင် ဖြင့် သူဟာ ကျေနပ် ပြုံးလေး ပြုံးလိုက်လိမ့် မယ်ဆိုတာကို ယုံကြည် တယ်…

အခွင့်အရေး မရှိလို့ အခုလို အချိန်မှာ နောက်ဆုံး အနေနဲ့ လူကိုယ်တိုင် အနားကို လာရောက်မ ပေးနိုင်တာကိုတော့
ခွင့်လွှတ် ပေးမယ် မဟုတ်လား ??

ခါးသီးလွန်းတဲ့ အမှန်တရားတစ်ခု ကို
ရင်နာနာနဲ့ လက်ခံ ထားပြီးသား…

မနက်ဖြန်ဆိုတာ ဝေးသေးတယ်…

နောင်ဘဝဆိုတာ နီးနီးလေးတဲ့…

ဘဝ ဟာ  နေဝင် ကာကြွေလွင့် ပျံဝဲ  ပျောက်ကွယ်လို့…

နေ မြင် ည ပျောက်
ည မြင် နေ ပျောက်…

လမ်း မ ပျောက် ဘဲ ဘဝတပါး ကူးကာ သွားရင်း ဘဝ အဆက် ဆက် တိုင်းမှာ
အသက် ရှည် လို့  နိဗ္ဗာန် လမ်းကို လျှောက်လှမ်းနိုင် ပါစေဆိုတဲ့ နောက်ဆုံး ဆုတောင်း စကား လေး ကို သူ ကြားပါ စေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေရွတ် လိုက်တယ်…

ဒီ စကားရဲ့ အဆုံးသတ်မှာတော့ မီးသင်္ဂြိုဟ်စက်ရဲ့ ခေါင်းတိုင်ဝ ကနေ လူခနဲ ထွက်လာတဲ့ မီးခိုးငွေ့ တွေနဲ့ အတူ ကျန်ရစ်သူ တွေကို သူဟာ နောက်ဆုံး အကြိမ် အဖြစ် နှုတ်ဆက် လိုက်ရင်း…

ဒီလိုနဲ့ သေမင်းရဲ့ တရားစီရင်မှုအောက်မှာ
လူတစ်ယောက်ရဲ့ ဘဝတစ်သက်တာ အတ္ထုပ္ပတ္တိဟာ မီးခိုးမျှင်တန်း လေးတစ်ခု အဖြစ် လေထဲမှာ အဆုံးသတ် သွားခဲ့
လေ ပြီပေါ့…

23/12/2016

Rest In Peace My GrandMum…💔

~•*•~

ကြွေWhere stories live. Discover now