WARNING: rated M ပါ။ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံး
အကြိမ်သတိပေးခြင်းပါ။
Book Cover by YeollieKristine
--------------------------------------------------ကျွန်တော် အလုပ်လုပ်နေတဲ့ ကျောင်းမှာ အထူးဂရုစိုက်
ရမယ့် ကျောင်းသားတစ်ယောက် ရှိတယ်တဲ့။Park Sehun! နာမည်ကြီး ကိုယ်ပိုင်အထက်တန်းကျောင်း
ကျောင်းအုပ်ကြီး Park Chanyeol ၏ တစ်ဦးတည်း
သောသား...."ဆရာလေး မင်္ဂလာပါ"
"မင်္ဂလာပါ"
လမ်းတွင်တွေ့သမျှ ကျောင်းသားများ ဆရာများ
အားလုံးကို ပြန်ပြုံးပြနှုတ်ဆက်ရင်း ကျွန်တော့်ရုံးခန်းရှိတဲ့
ကျောင်းဆေးခန်းကို သွားနေတုန်း ကော်ရစ်ဒါတစ်နေရာ
မှာ မြင်လိုက်ရတာကကျောင်းသားတစ်ယောက်ကို ကော်လံစမှဆွဲကိုင်ပြီးတော့
ပယ်ပယ်နယ်နယ် ထိုးကြိတ်နေသော Sehun။
ဘေးတွင် ဖြတ်သွားသော ဆရာဆရာမများနှင့် ကျောင်း
သားများအားလုံးကတော့ ထိုမြင်ကွင်းကို မမြင်ချင်ယောင်
ဆောင် လျစ်လျူရှုထားလေသည်။ကျွန်တော့်စိတ်ထဲ ဒီမနက် အလုပ်မဝင်ခင် ကျောင်းသား
ရေးရာဌာနက ဦးလေးကြီး မှာလိုက်တာကို သတိရမိသေး
သည်။"ဒီကျောင်းမှာ အလုပ်မြဲချင်ရင်တော့ ဆရာလေးအနေနဲ့
Sehun ဆိုတဲ့ကျောင်းသားကို ဂရုစိုက်ပြီး နေရမယ်။
သူဘယ်လောက် ပြဿနာ ရှာရှာ သူ့အရှေ့မှာ ဝင်မရှုပ်
မိပါစေနဲ့ ဆရာလေးရေ။ သူ့ကြောင့် အလုပ်ပြုတ်သွား
တဲ့ ဆရာဆရာမတွေ၊ ကျောင်းဆရာဝန်တွေက နည်းတာ
မဟုတ်ဘူးရယ်။ အဲ့တော့ သူ့ကို အလိုသာလိုက်ပေးပါ
ဆရာလေးရေ"ကျွန်တော်က ငယ်ငယ်လေးကတည်းက မတရားတာ
တွေ့ရင် နေကိုမနေနိုင်ဘူး။ ဝင်ပါရမှကို ကျေနပ်တာဗျ။"ဒီမှာ!! မင်း ဒါဘာလုပ်နေတာလည်း? အထက်တန်းရောက်
တာတောင် သူများကို အနိုင်ကျင့်နေတယ်ဆိုတာ ကလေး
မဆန်လွန်းဘူးလားကွ"Sehun က ခပ်အေးအေးပဲ သူထိုးနေတဲ့ကျောင်းသားကို
တွန်းထုတ်လိုက်ပြီး"ခင်ဗျားက ဆေးပေးခန်းကို အသစ်ပြောင်းလာတယ် ဆိုတဲ့
အလုပ်သမားလား? ခင်ဗျားနဲ့ ဘာဆိုင်လို့ ဝင်ပါတာတုန်း"

ESTÁS LEYENDO
It can't be helped
Fanficဂုဏ်ပကာသနတွေကို ဂရုမစိုက်ဘဲ မှန်တယ်ထင်တာကို လုပ်ရမှာ မကြောက်သော ကျောင်းကျန်းမာရေး တာဝန်ကျ ဆရာဝန် Byun Baekhyun နှင့် ကျောင်းအုပ်ကြီး၏ တစ်ဦး တည်းသောသားဟူသော အရှိန်အဝါဖြင့် ကျောင်းတွင် ဆိုးချင်တိုင်းဆိုးနေသော အထက်တန်းကျောင်းသားလေး Park Sehun တို့ရဲ့...