Episode.2

4.5K 492 44
                                    

(Zawgyi)

*Lovely Human*

သူပွေ့ချီထားတာကြောင့် ပြုတ်ကျမှာစိုးပြီး လည်ပင်းကို အတင်းတွယ်ဖက်ထားကာ သူ့မျက်နှာကို သေချာစိုက်ကြည့်နေတဲ့ ကောင်လေးသေးသေးလေးကြောင့် kaiတစ်ယောက် ရင်ခုန်သံတွေ ထိန်းသိမ်းမရ ။

စတွေ့တည်းက သူကို ဖမ်းစားသွားခဲ့တဲ့ မျက်ဝန်းပြူးပြူးလေးတွေက အခုဆို ပိုတောင် ဝိုင်းစက်နေသလို . . . နဂိုတည်းက ချစ်လွန်းလို့ လက်ထပ်ကာ အပိုင်ယူထားချင်မိတဲ့ ကောင်လေးက အခုသူနဲ့အနီးဆုံးမှာ ရှိနေတော့ တဒိန်းဒိန်းနဲ့ ကျယ်လောင်စွာ ခုန်နေတဲ့ နှလုံးသားသာ အပြင်ကို ထုတ်ပြမယ်ဆိုရင် တိတ်ဆိတ်နေတဲ့ ဒီတောတစ်ခုလုံးကို လွှမ်းမိုးသွားနိုင်တယ် ။

kyung sooကိုယ်လုံးလေးကို ပြုတ်မကျအောင် သေချာဖက်လိုက်ပြီး အနီးရှိ သစ်ပင်တစ်ခုအပေါ် ခုန်တက်လိုက်တာကြောင့် kyung sooလက်တွေက သူလည်ပင်းကို ပိုမို တွယ်ဖက်လာခဲ့တယ် သစ်ပင်တစ်ပင်နဲ့ တစ်ပင် ခုန်ကူးနေတာကြောင့် စောနက မျက်ဝန်းပြူးလေးတွေက အခုတော့ အတင်းစုံမှိတ်ထားတယ် . . .

*သူက ဒီလို အမြင့်ကြီး ခုန်နိုင်တာလားး ဒါဆို appaဟြေထားသလို သူက သာမန်လူ မဟုတ်ဘူးဆိုတာ တကယ်ပေါ့* 

လေတိုးနေတဲ့ ခံစားချက်ကြောင့် kyung sooမှိတ်ထားတဲ့ မျက်ဝန်းတွေကို ဖွင့်ကြည့်လိုက်တော့ သူရောက်နေတာက တောအုပ်ရဲ့ အမြင့်ဆုံးသစ်ပင်တစ်ပင်ရဲ့ ထိပ်ဆုံးပေါ်မှာ . . . .ပတ်ဝန်းကျင်အကုန်လုံးကို မြင်နေရတာကြောင့် စိမ်းစိုနေတဲ့ သဘာဝအလှတရားက kyung sooကို ဖမ်းစားထားနေသည် ။ 

သူကို ချီထားတဲ့kaiကို ကြည့်လိုက်တော့ ငွေမှင်ရောင် ဆံနွယ်လေးတွေက လေတိုးတိုက်မှုကြောင့် လွင့်နေကာ ခန့်ညားတဲ့ မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရတယ်

*အမ် ငါအခုထိ သူနာမည် မသိရသေးဘူး*

'ဒီမှာ သတို့သားဖြစ်လာမဲ့သူရဲ့ နာမည်တော့ သိခွင့်ရှိတယ် မှတ်လား'

ဆိုပြီး kyung soo မေးလိုက်တော့

'kai . . ဒါနဲ့ baby ကိုယ်ကို မကြောက်ဘူးလား'

*Lovely Human* || Three Shots || Where stories live. Discover now