Zip...3 ---Will---

10.3K 1.1K 46
                                    

[Zawgyi]

ပျော်ရွှင်ခြင်းမရှိတယ့် ချစ်ခြင်းတစ်ခုရယ်...
ချစ်ခြင်းမရှိတယ့် ပျော်ရွှင်ခြင်းတစ်ခုရယ်...
ထိုအခြင်းအရာ 2ခုမှာ...
များသောအားဖြင့် လူတွေ ဘယ်ရွေးချယ်မှုကို
ပြုလုပ်မိကြသလဲဆိုတာ...
ကျွန်တော် အနည်းနဲ့အများတော့ သိချင်ခဲ့မိ
တယ်...။
သူသာ ငါ့အတွက်ဖြစ်လာမယ်ဆိုရင်
အရာအားလုံးကို စွန့်လွှတ်ပစ်ရဲတယ်ဆိုတဲ့
ကြွေးကြော်ခံယူချက်တစ်ခုက...
ချစ်ခြင်းလို့အမည်ဇွတ်တပ်ခြင်းခံနေရတယ့်
အတ္တတစ်ခုသာသာပဲ မဟုတ်ပါလား...။
ထိုအတ္တကို မွေးမြူထားတဲ့သူက...ပျော်ရွှင်ခြင်း
ဆိုတာကို ခံစားခွင့်ရပေမယ့်...
ချစ်ခြင်းဆိုတာကိုတော့...သူ အရိပ်အခြည်
တောင် နားလည်ခံစားနိုင်မည်မဟုတ်...။
ဒါဆို...ဆန့်ကျင်ဘက်အနေအထားမှာရှိတဲ့
အတ္တကို လက်ခံလိုက်ရတဲ့သူအတွက်ကရော..?
သူကတော့... ချစ်ခြင်းကို ပိုင်ဆိုင်ထားရ
သလောက်...ပျော်ရွှင်ခြင်းကတော့ နည်းနည်း
လေးမှ အနားရှိမှာမဟုတ်....၊
ညတိုင်း စွဲလမ်းတကြီးမက်နေခဲ့ရတဲ့
အိပ်မက်တစ်ခုလို...၊
မဖြစ်နိုင်တယ့်အရာတစ်ခုကို လှမ်းဆုပ်ဖမ်းနေ
တယ့်...ကလေးငယ်တစ်ယောက်လို...
မျှော်လင့်ချက်တွေ မဲ့နေမှာအမှန်....။

ထိုသူနှစ်ယောက်ကြားမှာ...
ဘယ်သူက ပိုသနားစရာကောင်းလဲ...???
ဘယ်သူက ပိုအနှစ်သိမ့်ခံစေသူလဲ...???
ဘယ်သူက ပိုနာကျင်နေရသူလဲ...???
ကျွန်တော့်ခေါင်းထဲက မေးခွန်းတွေအတွက်
ကျွန်တော်ကိုယ်တိုင်မှာတောင် အဖြေမရှိ...။

အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ်ကို အချိန်ကြာရှည်
အောင် ခေါင်းထဲမထည့်ထားတတ်ခဲ့တဲ့
ကျွန်တော်က...အခုအခါမှာတော့...
ထိုမေးခွန်းအတွက်...
ကျွန်တော့်အချိန်တွေကို ပေးဆပ်စဉ်းစားနေမိ
ပြီ...။

လူသားတွေရဲ့ မှတ်ဥာဏ်ဆိုတာ ရယ်တော့
ရယ်ရသား....
တစ်ပါးသူကိုသာ ဝေဖန်အပြစ်တင်မိမယ်...
ဒါပေမယ့်...
ကိုယ့်အမှား...ကိုယ့်နာကျင်မှုတွေကိုတော့
တမင်မေ့ဖျောက်ထားနိုင်စွမ်းရှိကြတယ်...။

ဥပမာပုံနှိုင်းပြရရင်...
လက်ရှိမှာကို ကျွန်တော့်အဖြစ်နဲ့ လူသားတွေရဲ့
မှတ်ဥာဏ်ဝသီကို ရာနှုန်းပြည့်သက်သေပြနေ
နိုင်ပြီလေ...။

ZIP (Completed)Where stories live. Discover now