လောကအပြင်ဘက်တွင်မူ.. ခြေကျင်းဝတ်မြုပ်လောက်သော.. နှင်းသားတစ်ချို့က.. နေရာအနှံ့ ထူထူထဲထဲအုပ်မိုးစွာ.. ဖုံးလွှမ်းနေသည်..
သို့သော်..
ဖွေးကာအုသော.. နှင်းမှုန်နှင်းမွှားလေးများသည်.... လသာဆောင် ပြတင်းပေါက်မှ ၀င်ရောက်လာသည့်တိုင်.. အခန်းတွင်းကား.. အံ့သြဖို့ကောင်းလောက်အောင် နွေးထွေးဆဲ..
လက်ဖဝါးပြင်နှင့်.. လေထုထဲအား ဖမ်းဆုတ်ဆွဲယူပါသောလည်း.. ၀ဲကာကျလာသော.. ဖြူစွတ်စွတ်နှင်းပွင့်တို့က.. လက်အသားနဲ့အထိတွင်.. နွေးထွေးစွာဖြင့်.. သဘာဝတရားကို ဆန့်ကျင်ပြန်သည်..
" ကိုယ် မင်းကို နွေးထွေးနေအောင် ..အုပ်မိုးပေးထားပါ့မယ်.. "
ဟင်?
စူးရှကာတည်ငြိမ်သော.. အသံနှင့် ဘေးချင်းယှဉ်ရပ်လာသော သူက..
တောက်ပစွာ.. နှင်းသားတို့အား သဘောတကျ ငေးမောကာကြည့်လာသည်..သူသည်...
ကျောစိမ့်အောင်အေးနေကျ.. နှင်းသားတို့က.. ဆန့်ကျင်ဘက်သော.. နွေးထွေးသည့် .. အသွင်အား.. ဆောင်ယူစေသူ
တစ်စိတ်ပိုင်းချင်းစီ.. ခွဲလို့ဖြာပြရလျှင်..
ငွေမှင်ရောင် သန်းနေသော .. ဆံပင်ပျော့အိအိတို့က.. ပုံကျသပ်ရပ်စွာဖြင့်..
စူးရှညိုမြသော.. မျက်ဝန်းအိမ်တောက်တောက်နှင့်..
ဝန်းရံဖြာကျလျက်ရှိသော..
1.5 cm.. ရှည်သော.. မျက်တောင်လွှာ..စက္ကူဖြူလေးတစ်ရွက်လို.. ပါးလျပ်သော.. အသားအရောင် အကြည်ပါးလေးအောက်မှ..
သွယ်နုကာ စိမ်းဖန်သော.. သွေးကြောဖြာကလေးများက.. ဟိုဟိုသည်သည် ယှက်နွယ်စွာ..ပို၍ ထူးဆန်းသည်က..
သူ့ထံမှ တစ်စစီချင်းစီ .. တစ်လွှာချင်းစီ ဖြုတ်သိမ်းထားပစ်ချင်စရာ.. အပြုံးပွင့်လွှလွှလေးများ..
YOU ARE READING
"One Day With Mr.Angel" [One Shot]
Fanfictionဒါ.. မနောက်ပြောင် ကောင်းဘူး... ဘုရားသခင်.. HunHan ( One shot )