Part - 2

1.1K 132 17
                                    

Start >>>

Next Morning ............

Hunnie တယောက် သူ့ကို ဖက်ထားသော ရင်ခွင် တစုံကို အိပ်မက်ယောင်ကာ ပိုတိုး၍ပင် ဖက်လိုက်သောကြောင့် ..........

အာ့ ........

ကျတော် အတင်းဖက်ခံလိုက်ရ၍ နိုးလာရ သည် နိုးနိုးချင်း ကျွန်တော့် ရင်ခွင်ထဲ ရောက်နေတဲ့ ကောင်လေးကို ငုံကြည့်မိတယ် သူ့နှုတ်ခမ်း ပိစိလေးကို ထော်ကာအိပ်နေသောကြောင့် ကျွန်တော်လည်း နှစ်နှစ်ကာကာ ကို ပြုံးလိုက်မိတယ်

တကယ်ပါ Oh Sehun ဆိုသော ကောင်လေးက တကယ်ကို ချစ်စရာလေးပါ ကျွန်တော့်ညီ အရင်းသာဆို ဘယ်လောက်ကောင်းလိုက်မလဲ ဒီလောက် ချစ်စရာကောင်းတဲ့ ကောင်လေးကို Kai ဘာကြောင့်များ မမြင်တာပါလိမ့်

ကျွန်တော် ဘက်က ဘယ်လို ကူညီ နိုင်မလဲ

Sehun လေး ပျော်ရွှင်ရအောင် ကူညီချင်မိတယ်

ကျွန်တော့် နှလုံးသားဟာလည်း တကယ်တော့ အက်စစ်နဲ့ နေ့စဉ် အပတ်ခံနေရသလိုပါ

ဒါပေမယ့် ကျွန်တော် မရုံးထွက်နိုင်ဘူး ကျွန်တော်လည်း Hyung ကို အရမ်းချစ်လို့ ဘာလုပ်လုပ် ရင်နာ ခံကာ နေပေမယ့် ဒီကောင်လေးက ပိုခံစား ရမယ်ထင်ပါတယ် သူ့မှာ ပျော်စရာဆိုတာ သိပ်မရှိသလိုပဲ လွတ်လွတ်လပ်လပ် ပျော်နေတာမျိုးတော့ မမြင်ဘူးပါ ဒါမှမဟုတ် ကျွန်တော်က တခါတလေမှ တွေ့တဲ့သူမို့ မမြင်ဘူးတာလား

Hunnie လေး ကို လွတ်လပ် ပျော်ရွှင်နေတဲ့ ကလေးလေး တယောက်အဖြစ် Hyung မြင်ချင်မိတယ် ဒါကြောင့် ဒီက Hyung က Hyung နဲ့ ဘဝတူတဲ့ မင်းလေးကို ဘာပဲ ဖြစ်ဖြစ်စောင့်ရှောက် မှာပါ

အဲ့ဒီလို ကိုယ့်ဘာသာ တိတ်တိတ်လေး စိတ်ထဲက ကတိပေးပြီး အိပ်နေတဲ့ ကလေး နှဖူးကို စမ်းကြည့်တော့ သက်သာသွားပြီထင်တယ် ကိုယ်တော့ မပူတော့ဘူး

ဟုတ်ပါတယ် ဒီကလေး မနေ့ညက ဖျားနေတာရယ် အပြင်မှာ အကြားကြီး အကျီင်္ပါးပါးလေးနဲ့ နေခဲ့ရလို့ ထင်ပါတယ် ဒီနေ့တော့ ကလေးကို ကျောင်းနားခိုင်းလိုက်ဖို့ ဆုံးဖြတ်လိုက်တယ် ကျွန်တော်လည်း မသွားဖို့ပါ ဆုံးဖြတ်ရင်း နောက်ထပ် တဖန် အိပ်စက်ဖို့ ကြိုးစားရင်း ထပ်တွေးမိတာက

Turn A Blind Eye Where stories live. Discover now