့
ကိုကို့ကိုအရမ်းချစ်တယ် အပိုင်း၁၂Baek:ဟင် ကိုကို အစောကြီး ထသွားတာလား
အား....မစောတော့ဘူး ၁၀နာရီ ရှိပြီ arr အဲ့ကြောင့် မငိုချင်တာ ငိုပြီးရင် အရမ်းအိပ်ကောင်းတာ တော်ပြီ နောက်ခါ ငိုတော့ဘူး ကိုကို Company သွားပြီနေမှာBaek တယောက် မနက်စာစားရန် အောက်ထပ်ဆင်းလာချိန်
Yeol appa:မင်း မင်း ငါ့စကားကို အေးအေးဆေးဆေးနဲ့ ဘယ်တော့မှ မနာခံဘူး အမြဲ ကန့်လန့်ကြည့်ပဲ
Yeol:appa အဲ့လိုမပြောပါနဲ့ ဘယ်တော့နေနေ သားငြင်းတာတွေ အရာရောက်လို့လား ဒီတစ်ခါတော့ မသွားပါရစေနဲ့
Yeol appa: အမှန်ဆို ငါအဲ့လောက် မတိုက်တွန်းပါဘူး ခုဟာက ဟိုမှာ အကုန်လုပ်ပြီးပြီ ရုံးခွဲအတွက် အကုန်ပြင်ပြီးသား ရင်းနှီးမြှပ်နံသူတွေ ကလည်း အများကြီးရနေပြီ ကုန်ကျငွေတွေ အကုန်လုံး က မင်းအပေါ်မူတည်တယ် မင်းမလုပ်ရင် အဲ့ငွေတွေအကုန် သဲထဲရေသွန်သလို ဖြစ်သွားမှာ
Yeol:appaတို့ အမြဲ တစ်ကိုယ်ကောင်း ဆန်တယ် သားခံစားချက်ကို နားလည်မပေးဘူး appaကြောင့် သားဖြစ်ချင်တဲ့ ဆရာဝန် အလုပ်ကိုစွန့်လွှတ်ခဲ့ရတယ် ommaတို့တွေ အကုန်ဝိုင်းလိမ်ညာပြီး သားကို baekနဲ့ပေးစားခဲ့တယ် သားcompany ခွဲကို မသွားချင်ဘူး ပြောတော့ သွားခိုင်းပြန်တယ် ကျွန်တော် ကသားအရင်းရော ဟုတ်ရဲ့လားဗျာ
Yeol omma: park chan yeol.....
Yeol: မဟုတ်ဘူးလား သားကျ ဝါသနာပါရာတွေ အကုန်စွန့်လွှတ်ရတယ် noonaကျ အကုန် လုပ်ခွင့်ပေးတယ် တစ်မိသားစုလုံး မတရားဘူး ကျတော့် စိတ်တိုင်းကျ တစ်ခါလေးတောင် ဖြစ်ခွင့်မရဘူး အီးဟီး.. ...
Baek pov:ကိုကို သနားပါတယ် မမနဲ့ဝေးရတာ ငါ့ကြောင့် ကိုကို ဘယ်လောက် စိတ်ဆင်းရဲနေမလဲ ခုလည်း ငါ့ကိုလက်ထပ်ခဲ့တဲ့ အတွက် နောင်တရနေလောက်ပြီ ဘာမှအသုံးမကျတဲ့ ငါနဲ့ နေရတာ သူလည်း စိတ်ညစ်နေလောက်ပြီ ငါကသူ့အတွက် ဘာမှ မလုပ်ပေးနိုင်ပါလား