Part 4 {If I Happy}

3.8K 407 152
                                    

💝 💝 ချစ်ရသူရေ
ပျားရည်ဆမ်းတဲ့ မင်းနှုတ်ခမ်းနဲ့
အဆိပ်သုတ်လိမ်းထားတဲ့ မင်းနှုတ်ခမ်း
ဘယ်လိုပင်ကွဲပြားစေဦး
စွဲလမ်းလွန်းလို့ မြတ်နိုးစွာဖြင့်
တရှိုက်မက်မက် ကိုယ်လေ
နမ်းရှိုက်ပါ့မယ်

တကယ်တော့ ကိုယ့်အတွက်
မင်းပေးတဲ့ ပျော်ရွှင်မှု
မင်းပေးတဲ့ အနမ်း
မင်းပေးတဲ့ အပြုံးဆိုတာ
ဒီတသက်လုံး ဘယ်တော့မှမမုန်း
မမေ့နိုင်မှာ အသေချာဆုံးပါ ...။ 💝 💝


နှုတ်ခမ်းလေးကို ခဏခဏ ပြန်ထိတွေ့မိရင်း ရှက်ပြုံးလေးများ အလွန်အကျွန် ပြုံးနေမိရင်း နဲ့ အချိန်တိုင်း အတွေးထဲဝင်နေတာ ရေကူးကန်ထဲက အမှတ်တရလေးသာ ...။

သူ့နှုတ်ခမ်းလေးက ပေးတဲ့ ချိုမြိန်မှုမှာ တသက်လုံးမေ့နိုင်ဖွယ်ရာ မထင် ...။

ညနေပိုင်း ထိုကိစ္စလေးဖြစ်ပြီးနောက် ညကထဲက နှစ်ယောက်သား တစ်ယောက်နဲ့ တစ်ယောက် ရှက်ကို့ရှက်ကန်း ဖြစ်နေခဲ့ကြရတာ ...။ ခုမနက်ကျတော့လဲ အမှတ်မထင် ထပ်ကာရခဲ့သည့် Morning Kiss လေးကြောင့် ပိုကာဆိုးသွားသည်ထင် ...။
တစ်ယောက်မျက်နှာကိုတောင် တစ်ယောက် စေ့စေ့စပ်စပ် မကြည့်ရဲတော့ဘူးလေ....။

အဖြစ်အပျက်လေးက ဒီလို ...

ညတုန်းက မင်္ဂလာဦးညခံစားမှုတော့ လက်တွေ့မဖြစ်မြောက်သေးပေမဲ့ ဂျယ်ဂျူရောက်ပီး သုံးရက်မြောက်ညအနေနဲ့ အခြေအနေတိုးတက်သည်ဟု
ဆိုနိုင်ပေလိမ့်မည် ...။

အကြောင်းမှာ နှစ်ယောက်အတူ King Size Bed မွေ့ယာကြီးပေါ် အတူတူ အိပ်စက်ခွင့် ရခဲ့သည့် အတွက်ကြောင့်ပင် ..။

အိပ်ခါစကတော့ ကုတင်ပေါ်ဝယ် နှစ်ယောက်သားမှာ တောင်နှင့်မြောက် ပမာဝေးကွာနေပြီး ရင်ခွင်ချင်း မနီးစပ်ပေမဲ့ ကျောချင်းတော့နီးစပ်ခဲ့ရသည် ...။

တော်တော်နှင့်တော့ အိပ်စက်၍ မရ....။

ကျောပေးထားလျက်ဖြင့် သူက ကိုယ့်ကို လှည့်ကြည့်လာလိုက် ကိုယ်ကသူ့ကို လှည့်ကြည့်မိလိုက်...။ သူခိုးလူမိအကြည့်ချင်းဆုံလိုက်နှင့်
စိတ်တွေက ဂဏာမငြိမ်..။

အချစ်ဆုံးလို့ ခေါ်ဦးမှာလားWhere stories live. Discover now