Part 6
သူအရမ်းပြောင်းလဲသွားခဲ့ပြီ
Su နဲ့ပတ်သတ်တဲ့အရာအားလုံး
သူကိုယ်တိုင် ပြောင်းလဲပြစ်ခဲ့ပြီ
အခု သူ့ဆီက မ ဆိုတဲ့ခေါ်သံကိုပြန်ကြားချင် တယ်ဆိုရင် Su အရမ်းလောဘကြီးသွားပြီ
ဒါပေမယ့် Su သူနဲ့ပတ်သတ်ပြီး ဝန်ခံ စရာတစ်ခုရှိတယ်
သူ Su ကို မ လို့ခေါ်ရင် စိတ်ထဲမှာ အလိုလို ပျော်တယ်
ဒါ သူမသိတဲ့ Su ရဲ့ ခံစားချက်
ထားလိုက်ပါလေ ပြီးခဲ့ပြီပဲ
အခုသူ Su ကိုနာမ်စားပြောင်း ပြီးခေါ်တာ ဘာပါလိမ့်
Dr.Su!!!
ရယ် ရတယ်နော် သူပြောမှ ကိုယ့်ကိုကိုယ်
ပိုအသက်ကြီးသွားတယ် ထင် တော့တယ်#################
ပြောင်းလဲသွားတယ်ဆိုတာထက် သူ ပိုရင့် ကျက်သွားပြီ
ချွဲနွဲ့ပြီးစကားပြောတတ်တဲ့သူက အခုတော့
လိုတာထက်ပိုမ ပြောဘဲ သူစိတ်ဝင် စားတဲ့စာအုပ် တွေဖတ်ပြီး အေးအေးဆေးဆေးနေတတ်နေပြီအရင် က 'မ' ခွံ့ကျွေးမှထမင်း စားတတ်တဲ့ သူက သူကိုယ်တိုင် စားတတ်နေပြီ
'မ' ဘေးမှာရှိနေမှ အိပ်မယ်လို့ ဂျီကျ တဲ့ က လေးက အခုတော့ "ကျွန်တော့ အခန်းထဲကိုသုံးကြိမ်ထက် ပိုပြီး အဝင် အထွက်မလုပ် ပါနဲ့ Dr.Su"
လွမ်းတယ် အရင် သူနဲ့အတူတူ ဟာသ တွေပြောခဲ့တာ
ရယ်စရာရှိရင် ဟက်ဟက်ပက်ပက်ရယ် ခဲ့တာတွေ
ထမင်း အတူတူ စားခဲ့တဲ့အချိန်တွေ
အဲ့ဒီအချိန်တွေကို ပြန်လိုချင် တယ်
ငါ့ဘက်က မင်းလိုချင် တဲ့ 1500 ဆိုတဲ့ချစ်မေတ္တာကိုမ ပေးနိုင် ပေမဲ့
528 ဆိုတဲ့ မောင်နှမ မေတ္တာကိုငါပေးချင် တယ်
တကယ်ဆို သူမလည်း သူ့ကို 2028 မေတ္တာ ပေးနေတာသူကိုယ်တိုင်
တောင် မသိသေး…#############
တစ်နေ့တာရဲ့ အစ Su ရဲ့ တာဝန်က သူ့မျက်နှာကိုအရင် အကဲခတ် ရခြင်း ပေဲ