Epi~~13
Baekhyun's Point Of View
Hyung ဖန်တီးပေးသော မွေးနေ့ပွဲအား ဒီတသက် ကျွန်တော်မေ့မည်မထင် ……။
ည ၉ နာရီအချိန်မှ Hyung ကလမ်းထိပ်လိုက်ပို့ပေးသည်မို့ နှုတ်ဆက်ကာ ပြန်လာခဲ့တော့၏။တိတ်ဆိတ်ငြိမ်သက်ကာလှသော လမ်းသွယ်အားဖြတ်သန်းရသည်မှာ အလွန်ပင်ကျောချမ်းဖွယ်အတိ။
ထိုစဉ်
* ဝုန်း *
"Ahh !! Omma ya !!"
ထောင့်ချိုးတစ်ခုပေါ်လာသော အရိပ်တစ်ခုကြောင့် လိပ်ပြာလွင့်စင်မတတ်လန့်သွားခဲ့ရ၏…
"Byun Baekhyun !!!!"
အော်သံကျယ်ကျယ်တစ်ခုကြောင့် ကြောက်အားလန့်အားမှိတ်ထားခဲ့သော ကျွန်တော့်မျက်ဝန်းတို့ကို ဖွင့်ကြည့်မိတော့ တွေ့လိုက်ရသည်က Park Chanyeol ပင် …။
သူ့ပုံစံက အနည်းငယ်ထူးဆန်းနေ၏။မျက်ဝန်းတို့က ခက်ထန်နေသယောင်…
မျက်နှာတစ်ခုလုံးကလည်း နီရဲနေသည်မို့ ဒေါသထွက်နေသယောင်…
ထို့ပြင် အံကိုလည်း တင်းတင်းကြိတ်ကာ ကြောက်စရာကောင်းလှသော မျက်ဝန်းတို့ဖြင့် ကျွန်တော့်အားစိုက်ကြည့်နေခဲ့၏။"Chan …Chanyeol … ဒီအချိန်ကြီး ဘာ…--"
"Baekhyun !!! မင်း အခု တော်တော်ပျော်နေတယ်ပေါ့လေ … "
"ဟမ် …?? "
"ပြောစမ်းပါ … ဟိုကောင် Kris မင်းကို နမ်းနေတာ ဘာလို့ မငြင်းပဲငြိမ်နေတာလဲ ဟမ် !! Tsk ငါ့ကိုကျ ဘာလို့ ခါးခါးသီးသီးဖြစ်နေပြီး ဘာလို့ သူကျတော့ … မင်း လိုက်လျောနေရတာလဲ … "
"သူက ငါ့ချစ်နေရတဲ့သူကိုး …"
ရုတ်တရတ် ကျွန်တော့်ပခုံးသားတို့ကို သူ ခပ်ကြမ်းကြမ်းဖိချကိုင်လာခဲ့ပြီး
"မင်းကို ငါချစ်ခဲ့တာ ငယ်ငယ်ကတညိးကကွ မင်းကို ငါအရိပ်တကြည့်ကြည့်နဲ့ အမြဲနေလာခဲ့တာမင်းနားလည်လား ?? မင်းကြောင့် ငါစွန့်စားခဲ့ဖူးတဲ့အရာတွေကလည်းများသလို မင်းစကားတစ်ခွန်းကြောင့် ငါသေဆိုသေ ရှင်ဆိုရှင် ငါလုပ်ပေးနိုင်ခဲ့တယ် … မင်းက ဘာကြောင့် ငါ့အချစ်တွေ မမြင်နိုငိရတာလဲ ဟမ် …!! မင်းစကားတစ်ခွန်းဆို မပယ်ရှားဖူးတဲ့ ငါ့ကို ဘာလို့ ဒီလိုတွေ ရက်စက်ရတာလဲ… မင်းအခုချစ်နေတဲ့သူထက် အဆပေါင်း မြောက်မြားစွာ ငါကပိုချစ်ပေးနိုင်တယ် ပိုဂရုစိုက်ပေးနိုင်တယ် ကာကွယ်ပေးနိုင်တယ် မင်းကွာ Tsk !! "
YOU ARE READING
Demented
RandomBoy × Boy Chan × Baek Demented = Crazy on someone= Insane Story Line By Thitsar_Chanyeollie