SOOတစ်သက်လုံး တမြေ့မြေ့ခံစားနေရမယ့် ဒီအဖြစ်မျိုးဖြစ်လာမယ်မှန်းသာ Sooသိခဲ့လျှင်.....Sooသူ့ကိုသေချာပေါက်တားမိမှာပါ....
ဒါပေမယ့် Sooမတားခဲမိတဲ့အတွက်..Sooတစ်ဘ၀လုံး
ယူကျုံးမရနိုင်တဲ့ အဖြစ်အပျက်တစ်ခုက Sooအနာဂတ်မှာ စောင့်ကြိုနေလေရဲ့........*******Servents Of Heart♡ *******
Sooပြန်သတိရလာတော့ ညတောင်ရောက်နေပြီ...
တစ်အိမ်လုံးကိုယ်တစ်ယောက်တညိးရှိတာမို့
ယိုင်နေသောခန္ဓာကိုယ်ကို အားယူထကာ မီးထဖွင့်လိုက်သည်....ထို့နောက် သံပုရာရည်ဖျော်ရန် ပြင်လိုက်သည်
Sooဖုန်းလေးမြည်လာသည်....**Lu**
''Imm...Luပြော...''
''Soo.....ကိုကို မနက်ဖြန် USပြန်တော့မယ်တဲ့...
Sooနှုတ်ဆက်ချင်တယ်ဆိုရင် မနက်ဖြန်မနက်လေယာဉ်ကွင်းကိုလာခဲ့ပါ..''အေးစက်နေသောLuအသံတိုးတိုးက
သူ့နားထဲတွင်သော ကျယ်လောင်စွာ......Aww.. ဟုသာဆိုရင်း သူဖုန်းချလိုက်မိသည်....
ဲလစ်ဟာသွားသောခံစားချက်တစ်ခုက ရင်ထဲဝင်ရောက်လာသည်....
သူsooကိုတကယ်ခွဲသွားတော့မှာလား.....
တားလိုက်ချင်တယ်...
တားချင်နေပေမယ့်လဲ အသိစိတ်က ထိန်းချုပ်နေသောကြောင့် မတားဖြစ်ခဲ့ပါ.....နောက်တစ်နေ့မနက် soo air portမှသူ့ကို သွားတွေ့သည်...
သွားတွေ့တယ်ဆိုပေမယ့် သူမသိအောင်တိတ်တိတ်လေး နောက်ဆုံးအကြိမ် သူ့ကိုသွားကြည့်တာဆိုလျှင်ပိုမှန်ပေလိမ့်မယ်...
လေယာဉ်ထွက်ချိန်တွင် ခေါင်းငိုက်စိုက်ချကာ ၀င်သွားသော သူ့ကို မျက်ရည်များနှင့်sooငေးနေယုံမှတစ်ပါး ဘာမှမတတ်နိုင်ခဲ့.........
သူsooဘ၀ထဲက တကယ်ထွက်သွားပြီပဲ....
Sooတို့ဇာတ်လမ်းတကယ်ပြီးသွားပြီပဲ....
YOU ARE READING
Servents Of Heart♡ [Completed]
FanfictionMy First Creation..♡ ★ Hunhan ★ Chanbaek ★ Dika (Normal)