From "Behind My Eyes"
HunHan Fic Book...............................................................
New York,Ithacaတွင် တည်ရှိသော
Cornell Universityရှိ Psychology
Departmentတစ်ခု၏ ..နားနေဆောင်
အတွင်းတွင် ဖန်ဖြင့်ကာရံထားသော အလုံပိတ်
တံခါးများထံ မျက်နှာမူနေသော သူ့အကြည့်က
မိုးစက်ဖွဲများထံတွင် ရပ်တန့်နေ၏ ။သူမကြိုက်ပါ ..ခပ်ဖွဲဖွဲသာ ရွာသွန်းနေသော
မစို့မပို့ မိုးရေစက်များထက် ကောင်းကင်တစ်ခုလုံး
အမှောင်ချကာ ဝုန်းဒိုင်းကြဲရွာသွန်းတတ်သော
မိုးရေစက်များကို သူပိုနှစ်သက်မိသည်။မိုးစက်ငယ်များအား သူငေးရင်း
လက်ဖြင့် မိုးစက်များကို ထိတွေ့ချင်သည့်
စိတ်သည် သူ့ထံတွင်ပေါ်ပေါက်လာသည်။သူရပ်နေသော နေရာ၏ ဘယ်ဘက်ြခမ်းတွင်
အပိတ်အဖွင့် လုပ်လို့ရသော ပြတင်းတံခါးပေါက်အရှင်
ရှိသည် ။သူ့တွင် မိုးစက်များကိုလက်ဖြင့်ခံချင်သည့်
ဆန္ဒရှိ၏ ..သို့သော် သူပြတင်းပေါက်ရှိသည့်
ဖက်သို့သွားရန် တွေဝေနေပြန်၏ ။သူမကြိုက်ပါ ..အရာရာတိုင်းကို
သေချာဆုံးစဉ်းစား သုံးသပ်ပြီးမှ
ဆုံးဖြတ်ချက်ချနိုင်သည့် သူ့အကျင့်သည်
ဘာမဟုတ်သည့် မိုးရေစက်များအပေါ်တွင်လည်း
အားသာနေပြန်သည် ။"ဒေါက် ဒေါက်!"
တံခါးခေါက်သံ နှစ်ချက်တိတိကြောင့်
သူ့အတွေးစများ ပျက်တောက်သွားရသည် ။"ဝင်ခဲ့ပါ"
သူ့ဘက်က စကားပြန်လိုက်ပြီးနောက်
သူ့ရုံးခန်းငယ်အတွင်းသို့ ကျောင်းသား
တစ်ယောက်ဝင်လာသည် ။အဝါခပ်ဖျော့ဖျော့ ဆံပင်အရောင်နှင့်
ထိုကျောင်းသား၏ အထူးပြုဘာသာရပ်သည်
သူသင်ကြားသည့် စိတ်ပညာဖြစ်သောကြောင့်
ထိုကျောင်းသားအား သူသိသည် ..။"မင်္ဂလာပါ ဆရာ Noel"
အာရှသား တစ်ယောက်မှန်းသိသာ
စေသော အဝါနှင့်အဖြူကြား အသားအရေနှင့်အတူ
လူငယ်ပီပီ စူးရှထက်မြတ်သော ရှည်လျား
ကျဉ်းမြောင်းသော မျက်ဝန်းတို့်ဖြင့် ထိုကျောင်းသား
သည် သူ့အား စတင်နှုတ်ဆက်သည် ..။