#2

394 32 1
                                    

#Minseokkie

Someone pov * ဒီ​နေ့​နေသာ​နေသလို ​ကောင်းကင်​ကြီးကိုလည်းရှင်းရှင်းလင်းလင်းမြင်​ရတယ်​ အရမ်းလှတဲ့​ကောင်းကင်​ကြီး.... ​ကောင်​​လေးတ​ယောက်​ စာအုပ်​​တွေပိုက်​ပြီးသူ့​ရှေ့ကဖြတ်​သွားခဲ့တယ်​ အခြားသူ​တွေအမြင်​မှာထို​ကောင်​​လေးကသာမာန်​​ပေမယ့်​ သူ့အတွက်​က​တော့ထူးဆန်းတဲ့​ကောင်​​လေးတ​ယောက်​ဖြစ်​ခဲ့တယ်​ ​ဟော....သူလူတစ်​​ယောက်​နဲ့ဝင်​တိုက်​မိပြီ......သူ့ကိုဝင်​တိုက်​တဲ့သူကတခုခု​ပြောပြီးထွက်​သွားတယ်​.....ပြုတ်​ကျ​နေတဲ့သူစာအုပ်​​လေး​တွေ​ကောက်​ကာပွစိပွစိနဲ့​ပြော​နေပြီ.....ချစ်​စရာ​လေး.....သူ့​နောက်​ကိုလိုက်​သွားတယ်​ ​ဟော....သူဝင်​သွားပြီ ဘယ်​ကိုလဲကြည့်​လိုက်​​တော့.....ကွန်​ပြူတာသင်​တန်းတစ်​ခု နာမည်​ကို​သေချာဖတ်​ကြည့်​ပြီး ကျွန်​​တော်​အံ့သြသွားတယ်​...... အဲ့​နေ့ကစလို့သူ့​နောက်​တ​ကောက်​​ကောက်​လိုက်​ခဲ့တာ....သူဘယ်​သွားသွားကျွန်​​တော်​အ​နောက်​ကပါတယ်​......သူ့​နောပ်​လိုက်​​နေတာတစ်​ပတ်​၁၀ရက်​ရှိပြီ ဒါမဲ့ဒီ​နေ့မှသူ့ရဲ့လှပတဲ့ပါးချိုင့်​​လေးကို့မြင်​ဖူးခဲ့တာ....အရမ်းလှပါတယ်​ သူ့ရဲ့အပြုံး​လေးက ချိုင့်ဝင်​သွားတဲ့ပါးချိုင့်​​လေးက လူတိုင်းကို​ငေး​မောသွား​စေတယ်​......သူနဲ့မ​တွေ့တာ၁ပတ်​ရှိပြီ ဘာလို့လဲဆို​တော့ကျွန်​​တော်​​နေမ​ကောင်းဖြစ်​​နေလို့ ဒီ​နေ့​တော့ကျွန်​​တော်​​နေ​ကောင်း​ပျောက်​လို့ သူ့​နောက်​လိုက်​​တော့ သင်​တန်း​ရှေ့မှာလူတ​ယောက်​နဲ့စကား​ပြော​နေတယ်​ သူ့ရဲ့လှပတဲ့အပြုံး​လေးနဲ့​ပေါ့......​နောက်​ထိုလူနဲ့သူပါသွားတယ်​.....ကျွန်​​တော်​ပါသူ့​နောက်​လိုက်​သွားခဲ့တယ်​ သူဟိုလူနဲ့စား​သောက်​ဆိုင်​တဆိုင်​ထဲဝင်​သွားတယ်​..... သူတို့စကား​တွေ​ပြောပြီးအစား​သောက်​မှာ​နေကျတယ်​.....​နောက်​သူစားရင်​ပါးစပ်​ထဲကအ​ရောင်​လဲ့လဲ့အရာတခုထွက်​လာခဲ့တယ်​......ဟိုလူသူ့​ရှေ့မှာဒူး​ထောက်​ပြီးရည်းစားစကား​ပြော​နေတယ်​ ဘယ်​လိုလုပ်​ရမလဲ သူလက်​မခံ​လောက်​ပါဘူး​နော်​.....ကျွန်​​တော်​ကံဆိုးသွားတယ်​ သူဟိုလူရဲ့အချစ်​ကိုလက်​ခံခဲ့တယ်​.....အဲ့​နေ့ကသူစားတဲ့အရာကိုကျွန်​​တော်​ပါလိုက်​စားခဲ့တယ်​......သူစားတဲ့အရာထဲမှာကျွန်​​တော်​နဲ့မတည့်​တဲ့ ဂဏန်းပါလာခဲ့တယ်​ ​နောက်​​တော့ကျွန်​​တော်​အ​မှောင်​ကမ္ဘာထဲ​ရောက်​ရှိသွားခဲ့​တော့တယ်​......... အဲ့​နေ့ကစလို့သူနဲ့ကျွန်​​တော်​မ​တွေ့ဖြစ်​တာ ၆လ​လောက်​ရှိခဲ့တယ်​......တညသူ့ကိုအရမ်းလွမ်း​နေလို့အိပ်​မ​ပျော်​တာနဲ့ သူ့အိမ်​​လေး​ရှေ့ကို​ရောက်​သွားခဲ့တယ်​......ကျွန်​​တော်​​ရောက်​​တော့သူ့အခန်း​လေးမီးလင်း​နေ​သေးတယ်​ ကျွန်​​တော်​လည်းမျက်​နာ​လေးများမြင်​ရမလားအထင်​နဲ့ သစ်​ပင်​အကွယ်​က​နေကြည့်​​နေမိတယ်​......​နောက်​​တော့သူ့အရိပ်​​လေးကိုကျွန်​​တော်​မြင်​ခဲ့ရတယ်​ ဒါမဲ့အဲ့အရိပ်​​လေးကတုန်​​နေတယ်​ သူငို​နေတာလား ဘာလို့လဲ ​နေမ​ကောင်းလို့လား မနက်​ဖြန်​သူ့ဘဝရဲ့အ​ရေးကြီးတဲ့စာ​မေးပွဲ​ဖြေရမှာ​လေ စာမရ​သေးလို့များလား.....ဘာလို့လဲ​သေချာမသိ​ပေမယ့်​ သူငို​နေတယ်​လို့ကျွန်​​တော်​ခံစား​နေရတယ်​ အာ့​ကြောင့်​ကျွန်​​တော်​ပါအလိုလိုမျက်​ရည်​ကျလာမိခဲ့တယ်​.......​နောက်​ရက်​မနက်​ကျွန်​​တော့်​သူ့အိမ်​​ရှေ့မှာသွား​စောင့်​​နေခဲ့တယ်​.....​ဟော သူထွက်​လာပြီ သူမသိ​အောင်​ကျွန်​​တော်​အ​နောက်​ကလိုက်​သွားခဲ့တယ်​ ဒါမဲ့သူသွား​နေတာ ​ကျောင်းကိုမဟုတ်​ဘူး ဘယ်​ကိုသွားတာလဲ??? ​နောက်​​တော့သူဘယ်​သွားလဲကျွန်​​​တော်​သိလိုက်​ပါပြီ....သူသွား​နေတာသူအရမ်းချစ်​ရတဲ့သူဆီကိုဆိုတာ...... ဘာရယ်​မဟုတ်​ကျွန်​​တော်​သူ့ကိုအပြင်​က​နေလှမ်းကြည့်​​နေမိတယ်​......​နေ့ဝက်​ကျိုး​နေပြီခုထိသူအဲ့ထဲမှာထိုင်​​စောင့်​​နေတုန်း......​ဟော သူနဲ့သူချစ်​ရတဲ့သူစကား​တွေ​ပြော​နေပြီ ဘာ​တွေ​ပြော​နေတာလဲ သူမျက်​ရည်​​တွေကျ​နေတယ်​ ဘာလို့လဲ သူနဲ့သူချစ်​ရတဲ့သူတစ်​ခုခုဖြစ်​​နေတာလား သူလဲကျသွားပြီ ဟင်​ သူ့ကိုလုံခြုံ​ရေး​တွေဖမ်းချူပ်​ထား​နေတယ်​ ဘာလို့လဲ ဘာလို့သူကအဲ့လိုလုပ်​​နေရတာလဲ ဟင်​ သူ့လက်​ဒဏ်​ရာရသွားပြီ လက်​ဖြူဖြူ​လေးကရဲ​နေတာပဲ အရမ်းနာ​နေလားမသိဘူး😢 သူထွက်​သွားပြီ တစ်​လမ်းချင်း မိုး​တွေရွာလာပြီ ဒါမဲ့သူဆက်​သွား​နေတုန်း တစ်​လမ်းချင်း ကျွန်​​တော်​မြင်​​နေရတဲ့ သူ့​နောက်​​ကျော​လေးတုန်​​နေတာ မိုး​ရေ​တွေ​ကြောင့်​သူမျက်​ရည်​​တွေမမြင်​ရ​ပေမယ့်​ ​သေချာပါတယ်​ သာအရမ်းငို​နေမှာ😢😢😢 ​တောင်းပန်​ပါတယ်​ ကျွန်​​တော်​သူ့ကိုမကာကွယ်​နိုင်​ခဲ့ဘူး *

Eternal TriangleWhere stories live. Discover now