Ep 13

215 15 0
                                    

အချစ်စစ်၏ တည်နေရာ
Season (1)
အပိုင်း(၁၃)
ညနေ ၆ နာရီထိုးသော် အကိုနှင်းထန် လာကြိုသည့်ကား ရောက်လာသဖြင့် မိုးစက် လိုက်လာခဲ့သည်။ စားသောက်ဆိုင်သို့ရောက်သော်  နှင်းထန်သည် စတိုင်မိမိဖြင့် ထိုင်းမင်းသားလေး အလားထင်ရအောင် ချောမွေ့သော မိုးစက်ကို ပြုံးကြည့်ကာ
'ညီက ဒီလိုဝတ်ထားတော့လည်း ဆွဲဆောင်မှုရှိတာပဲ။ ကောင်မလေးတွေ ၀ိုင်းဝိုင်းလည် နေတော့မှာပဲ။ ´
မိုးစက် သူ့ကို ယဉ်ကျေးစွာပြန်ဖြေလိုက်သည်။
'ကျေးဇူးပါ အကို။ ဒါပေမယ့် အကိုတို့လို သူဌေးတွေကိုပဲ ကောင်မလေးတွေက ပိုကြိုက်ပါတယ်ဗျာ´

နှင်းထန်သည် မိုးစက်၏ စကားကြောင့် ယဲ့ယဲ့ပြုံးကာ
'မိုးပွင့်လို မိန်းကလေးတွေကြိုက်တာ ကိုယ်မလိုချင်ဘူး။ ´

မိုးစက် မျက်နှာပျက်သွားပြီး ငြိမ်သွားသည်။ မိမိညီမကို ထိသောကြောင့် မိုးစက် ရင်နာ သည်။
'မိုးလေးက အကို့စည်းစိမ်တွေမက်လို့ ကြိုက်ခဲ့တာမဟုတ်ပါဘူး အကို။ သူက အကို့ကို တကယ်ချစ်ခဲ့တာပါ။ မိုးလေးကို အထင်မလွဲပါနဲ့။ ငွေမက်တာက ကျွန်တော်ပါ။ ကျွန်တော်က ချမ်းသာတဲ့ အကို့ကို ယောက်ဖတော်ချင်ခဲ့တာပါ။´

နှင်းထန်သည် မိုးစက်၏ လက်လေးကို လှမ်းကိုင်ကာ
'ဟုတ်လား။ မိုးစက်က ကိုယ့်ငွေတွေကို မက်သလား။ ကိုယ့်စည်းစိမ်တွေ အားလုံးပေး မယ်။ မိုးစက် ကိုယ့်ကို လက်ထပ်မလား။´

မိုးစက်သည် သူ့လက်မှ မိမိလက်ကို ပြန်ရုန်းကာ
'ဆောရီး အကို။ ကျွန်တော် အကို့ကို လက်မထပ်နိုင်ဘူး။ သဘာဝကို လွန်ဆန်တဲ့ အလုပ်ကို ကျွန်တော် ဘယ်တော့မှ မလုပ်ဘူး။´

'ဟုတ်လား။ ဒါဆို မင်း ကိုယ့် ချစ်သူ အဖြစ်ကို ငြင်းတယ်ပေါ့။ ´

မိုးစက် သူ့ကို စိတ်ရှုပ်ထွေးစွာ မော့ကြည့်ကာ

'အကို မိုးပွင့်ကို လက်ထပ်ပြီး ကြင်ကြင်နာနာ ပေါင်းသင်းရင် အကို တောင်းဆိုတာ ကျွန်တော် လက်ခံပါတယ်။ အကိုကျွန်တော့် ညီမလေးကို ငိုအောင်လုပ်ရင် အကို့ကို ကျွန်တော် လုံးဝခွင့်မလွှတ်ဘူး။´

'ကိုယ်တောင်းဆိုတာ ဘာမဆိုလိုက်နာမှာလား။´
နှင်းထန် သူ့ကိုပြုံးကာ မေးလိုက်သည်။ မိုးစက် မျက်လွှာချကာ ခေါင်းငြိမ့်လိုက်သည်။ နှင်းထန်က သူ့ကို နောက်ချင်သောကြောင့် နားနာကပ်ကာ
'ဒါဆို ဒီည ကိုယ်နဲ့လာအိပ်။ ´

အချစ်စစ်၏ တည်နေရာ [Season 1]Where stories live. Discover now