To My Little Prince

233 19 0
                                    

Fan

အင်း စကားလုံးလေးကတိုတောင်းလွန်းတယ် ပီးတော့လှပလွန်းတယ် နောက်ပီးပိုင်ဆိုင်လို့မရကြောင်းသက်သေပြနေတယ်

မိုင်ပေါင်းနှစ်ထောင်ကျော်ကွာဝေးတဲ့သူ့ကို
Screenပေါ်ကမှတဆင့်မြင်နိုင်တဲ့ သူ့ကို

ရူးမူးစွာချစ်မိတယ်လို့ လူတွေရှေ့မှာ ဝင့်ကြွားစွာပြောတော့ သူတို့ရယ်ကြတယ်

သူတို့ရဲ့မျက်လုံးမှာ ကိုယ်ဟာအရူးပဲ

အမျိုးမျိုးသော social network ကနေမှ မင်းကိုမြင်တွေ့နိုင်တာ ဒါမိုင်ပေါင်းနှစ်ထောင်ကျော်ကွာဝေးတဲ့ကိုယ့်အတွက် ကံဆိုးမှုတစ်ခုပဲ

ဒါပေမဲ့ ကမ္ဘာ​မြေ ကြီးမှာတူတူရှင်သန်တယ်ဆိုတာလေးကိုစဉ်းစားမိရုံနဲ့ ကောင်းကင်ပေါ်မှာ တစ်ခုပ်တစ်ရလင်းနေတဲ့ကြယ်လေးတွေလိုပဲ

ကိုယ့်ဘဝဟာတောက်ပနေခဲ့တယ်

တချို့သောလူတွေလို ချစ်တဲ့ဆိုတဲ့အကြောင်း အမျိုးမျိုးသော စကားလုံးတွေနဲ့အလှမဆင်တတ်အောင် ကိုယ့်အချစ်ကရုပ်ဆိုးလွန်းတယ် ကလေး

ဒါဟာ မင်းမသိတဲ့ fansတွေထဲကတယောက်ကမင်းကိုချစ်တဲ့အကျည်းတန်နိုင်လွန်းတဲ့အချစ်တခုပဲ

နောက်ဆုံးမှာ ကင်ပွန်းတတ်မိလိုက်တာက

ဘယ်တော့မှမဖစ်နိုင်တဲ့ သူကိုချစ်မိခြင်း

To Hyun ❤Where stories live. Discover now